"ဟင် ဆရာကင်မ်ပါလား"
ဒီတစ်ခါတော့ဆော့ဂျင်ဆီမှအသံ။
ဆော့ဂျင်ပြောပြီးတော့မှ သူမဟုတ်သလို ပါးစပ်လေးကိုပြန်ပိတ်ထားသည်။အဲ့ဒါကို အရှင်ယွန်းဂီက ပြုံးပြီးကြည့်သည်။
ထယ်ယောင်းက အရှင့်နောက်ကနေ မျက်လုံးပြူးပြလိုက်တော့မှ ဆော့ဂျင်လည်း အရှင့်ကိုခါးကျိုးမတတ်တောင်းပန်တော့သည်။"စိုးရွံ့မိပါတယ် အရှင် သက်ညှာပေးတော်မူပါ အရှင်"
ဆော့ဂျင်ပြောနေတဲ့ စကားတွေကြောင့် နမ်ဂျွန်းရော အရှင်ယွန်းဂီရော အံ့သြကြသည်။
ဟိုတစ်နေ့က ကင်မ်ဆော့ဂျင်မှ ဟုတ်ပါလေစ။ရုတ်တရက်အပြုံးပျက်ပြီး အံ့သြနေတဲ့ အရှင်ယွန်းဂီကြောင့်
ဆော့ဂျင် နမ်ဂျွန်းကို ဖက်ပြီးငိုတော့သည်။"ဂျွန်းရေ ငါ့ကို အရှင်ဆိုတဲ့လူကြီးက သတ်တော့မှာလား ငါ့ကိုကြည့်နေတယ် ဗြဲ"
ရှိုက်ရှိုက်ပြီးငိုနေတဲ့ ဆော့ဂျင်ကိုဘယ်သူမှမထိန်းနိုင်တော့ ။
အရှင်ယွန်းဂီကလည်း ရယ်ချင်စိတ်ကို မထိန်းနိုင်တာမို့ တဟားဟားနှင့်ထရယ်တော့သည်။ထယ်ယောင်းကတော့ အရှင့်ကိုငေးနေရုံမှတစ်ပါး ဘာမှမတတ်နိုင်။ ဒါသူ့အဆင့်ပဲလေ.....။
"စစ်သူကြီးကင်မ် မင်းဒီကောင်လေးနဲ့ ဘယ်တော့ လက်ထပ်မှာလည်း""ကျွန်တော် ဂိုလျောကိုသွားပြီးပြန်လာတဲ့ အခါလောက်မှပါ"
နမ်ဂျွန်းစကားကြောင့် ရင်ခွင်ထဲက ကောင်လေးက ကြားတော့ တအိအိနဲ့ပိုတိုးလို့ငိုလာပေမယ့်.....။
အရှင်ယွန်းဂီကတော့ အေးစက်စက်ပြုံးလျက်..။ထိုအပြုံးကိုမြင်တော့ နမ်ဂျွန်းတွေဝေသွားမိသည်...။
နမ်ဂျွန်းနှင့်အတူ ထယ်ယောင်းဟာလည်း မျက်နှာမကောင်း။
အရှင် တစ်ခုခုကြံစည်တော့မှာလား။
YOU ARE READING
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!
FanfictionKimNamJoon X KimSeokJin Only his order and permission is our life~~ *Probably 2 months running FiC*