နမ်ဂျွန်းနေဝင်စပြုလာတဲ့ကောင်းကင်ကိုမော့ကြည့်နေမိသည်။
နေဝင်ချိန်ဆည်းဆာက သိပ်လှသည်။
တောင်တန်တွေကြားက ဝင်နေသည့်နေလုံးနီနီမြင်ကွင်းက လှသည်ထပ်ကိုပိုသည်။"မင်းလောက်တော့ မလှဘူး ဂျင်"
ပင်ပန်းသည်။ ချစ်ရသူနှင့်ခွဲနေရတာက နမ်ဂျွန်းအတွက်အလွန်ပင်ပန်းသည်။
ဒါ့ထက် ချစ်ရသူကို ဆုံးရှုံးရတော့မှာမှန်းသိရက်နဲ့ ဒီလိုနေနေရတာက ပိုပိုပြီး ပင်ပန်းသည်။
ဒါပေမယ့် အရှင့်အတွက်ပဲမလား။
အရှင်အပေါ် သေဆုံးသည်အထိ သစ္စာရှိပါ့မယ်လို့ကတိပြုထားတဲ့ နမ်ဂျွန်းအတွက်တော့..
အဆင်မပြေရင်တောင် အဆင်ပြေချင်ယောင်ဆောင်နေရမှာပဲလေ...။ကိုယ့်အတွက် အရာအားလုံးဘယ်လိုပဲဖြစ်လာခဲ့ပါစေ ကိုယ်က မင်းကို အမြဲတမ်းအတွက်သိပ်ချစ်တယ် ဂျင်။။။
"သျှီလာစစ်သူကြီးမင်းက ကြားထားရတဲ့သတင်းမွှေးအတိုင်း ခန့်ညားလိုက်တာနော်"
ထိုအသံသည် ဂိုလျောဘုရင်ရဲ့ အငယ်ဆုံးသမီးတော် ။
နမ်ဂျွန်းလည်း မင်းသမီးကို ပါးချိုင့်တို့ပေါ်သည်အထိ ပြုံးပြသည်။"မင်းသမီး ကျွန်တော်မျိုးဆီကို ဘာလာလုပ်တာလည်း"
"တစ်ခုခုလုပ်မှလာရမှာလား"
သူမက မချိုမချဉ်ပြန်ပြောသည်။
သူမက လှသည်။ကြွေရုပ်လေးလိုလှသည်။
မိန်းမကောင်းတို့မှာရှိတဲ့ အရည်အချင်းနှင့်ပြည့်စုံသည်။
အရာရာပြည့်စုံသော မိန်းမကောင်းတစ်ဦးဖြစ်သည်။"အာ မဟုတ်ပါဘူး မင်းသမီးရဲ့ "
"ဒါဖြင့် ကျွန်မတို့ နန်းတော်ရဲ့ဥယျဉ်ကသိပ်လှတာ စစ်သူကြီးမင်းကို လိုက်ပြချင်မိတယ်"
"အာ ရပါတယ် မင်းသမီးအလိုအတိုင်းပါ"
ထိုအခါမှ သူမက ဝမ်းသာသွားဟန်ဖြင့် သွားတန်းလေးတွေပေါ်အောင်ရယ်ပြသည်။
နမ်ဂျွန်းနှင့်မင်းသမီးတို့ နန်းတော်ဥယျဉ်ထဲရောက်လာကြသည်။
YOU ARE READING
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!
FanfictionKimNamJoon X KimSeokJin Only his order and permission is our life~~ *Probably 2 months running FiC*