"စစ်သူကြီးကင်မ်"
နမ်ဂျွန်းတစ်ယောက် အမဲလိုက်ပွဲတော်အတွက် လိုအပ်သည်များကိုပြင်ဆင်နေချိန် ကိုယ်ရံတော်ရဲ့ အသံကြောင့် လှည့်ကြည့်မိသည်။
"ဘာကိစ္စလည်း"
"အရှင်ဆင့်ခေါ်နေပါတယ် ကိုယ်လုပ်တော်ကင်မ်ရဲ့ အဆောင်ကို လုံခြံရေးစီစဉ်ပြီးရင် လာခဲ့ဖို့ဆင့်ခေါ်လိုက်တာပါ"
"ကိုယ်လုပ်တော်ကင်မ် ဆိုတာ ကင်မ်ဆော့ဂျင်ကိုပြောတာလား"
"ဟုတ်ပါတယ်"
ကိုယ်ရံတော်စကားကြောင့် နမ်ဂျွန်းအံ့အားသင့်မိသည်။
အရှင့်က ဘာကြောင့်ပါလည်း။
တစ်သက်သာ မေ့နိုင်အောင် ကြိုးစားနေတာကိုတောင်။
နမ်ဂျွန်းကိုယ်ရံတော်ကို ခေါင်းညိမ့်ပြပြီး လုပ်စရာရှိတာ ဆက်လုပ်နေမိသည်..။ဆော့ဂျင်နဲ့တွေ့ခွင့်ရမည်လား..။
ဒါမှမဟုတ် အရှင်တစ်ခုခုပဲ ကြံစည်နေသည်ပဲလား..။
ဘာတွေပဲဖြစ်လာခဲ့သည်ဖြစ်စေ ဆော့ဂျင်နဲ့ တွေ့ခင်ရမည်ဆိုရင်တော့ သူတစ်ခုခုဖြစ်ခဲ့ရင်တောင်မှ အမြတ်ပဲပေါ့..။
___________________
"သေချာစဉ်းစားပြီးပြီလား ကင်မ်ဆော့ဂျင်"ဆော့ဂျင်သည် အရှင်ယွန်းဂီ၏ အမေးကို ခေါင်းငြိမ့်ရင်းသာ ထောက်ခံသည်..။
"အဟက် စစ်သူကြီးကင်မ်အတွက် အသေခံရဲတယ်ပေါ့"
"ကျွန်တော်က ဒီအတိုင်းဆိုလည်း မကြာခင်သေတော့မယ့်သူမို့ မသေခင်ကျွန်တော်ချစ်တဲ့သူနဲ့ တခနလေးပဲ ပျော်ပျော်နေရရင်ကို သေပျော်ပါတယ် သမားတော်တွေမသိပေမယ့် ကျွန်တော့်ရောဂါအကြောင်းကျွန်တော် သိပါတယ်အရှင်"
ဆော့ဂျင်စကားကြောင့် အရှင်ယွန်းဂီ၏ မျက်ခုံတို့မြှင့်တက်သည်။
"အရှင်ကတိပေးပါ ကျွန်တော့်ကို သတ်လို့ပြီးရင် ဂျွန်းကိုတော့ဘာမှမလုပ်ပါနဲ့"
YOU ARE READING
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!
FanfictionKimNamJoon X KimSeokJin Only his order and permission is our life~~ *Probably 2 months running FiC*