"အရှင်ကြွရောက်လာပါပြီ"
ကိုယ်ရံတော်တစ်ယောက်ရဲ့စကားကြောင့် ညီလာခံအတွင်းရှိ သူအားလုံးမတ်တပ်ရပ်ကြပြီး ဝင်လာသော အရှင့်အား ဂါရဝပြုကြသည်..။
အရှင်ယွန်းဂီ ညီလာခံအတွင်းသို့ ဝင်လာတော့ လက်ဝဲနေရာတွင် ခေါင်းငုံ့မတ်တပ်ရပ်နေတဲ့ နန်းဂျွန်းကိုတွေ့တော့ ဆော့ဂျင်အကြောင်းသိထားပြီကို အရှင်ယွန်းဂီရိပ်မိသည်..။
အရင်ဆိုအမြဲတောင့်တောင့်တင်းတင်းနှင့် ခေါင်းမော့နေတဲ့ စစ်သူကြီးကင်မ်မှ ဟုတ်ပါလေစ...။အရှင်ယွန်းဂီ ပလ္လင်ထက်တွင် ထိုင်သောအခါမှ အကြီးအကဲအားလုံးသည်ပြန်ထိုင်ကြသည်...။
"မြောက်ပိုင်းသူပုန်တွေကို တိုက်ထုတ်အခါမှာ အောင်မြင်သွားပြီဖြစ်တာကြောင့် သျှီလာရဲ့ သူပုန်အန္တရာယ်ကတော့ ကင်းဝေးသွားပြီ ဒါကြောင့် စစ်မက်ဘက်ကို ခနရပ်ထားပြီး သျှီလာရဲ့ မကြာခင်ရောက်လာတော့မယ့် အမဲလိုက်ပွဲတော်အတွက် အမတ်တွေရဲ့ အကြံပေးချက်များကို ငါကိုယ်တော် နားဆင်လိုတယ်"
အရှင့်စကားအဆုံး လက်ယာအမတ်ကြီးမှ မတ်တပ်ရပ်ပြီး..
"အရှင့်ကို ဂါရဝပြုပါတယ် အကြံပေးချက်တစ်ခုတင်ပြခွင့်ပြုပါ"အရှင်ယွန်းဂီ ခေါင်းငြိမ့်ပြတော့မှ လက်ယာအမတ်ကြီးက..
"ကျွန်တော်မျိုးတို့ ဒီတစ်ခေါက် အမဲလိုက်ပွဲတော်ကို အရှေ့ဘက်တော့ထဲမှာ ကျင်းပရင် အဆင်ပြေမယ်ထင်ပါတယ်
အကြောင်းပြချက်ကတော့ အရှေ့ဘက်တောမှာ သားရဲတို့များပြားပြီး တစ်ခြားနိုင်ငံနယ်နိမိတ်နဲ့လည်း ကင်းရှင်းတာကြောင့်ပါ အရှင်"လက်ယာအမတ်ကြီးရဲ့ စကားကို အကုန်လုံးက ခေါင်းညိတ်ထောက်ခံကြသည်..။
အရှင်ယွန်းဂီကလည်း အသိအမှတ်ပြုရုံ တစ်ချက်ကြည့်ပြီး ခေါင်းညွတ်တော့မှ လက်ယာအမတ်ကြီးသည် ပြန်ထိုင်သည်.။
YOU ARE READING
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!
FanfictionKimNamJoon X KimSeokJin Only his order and permission is our life~~ *Probably 2 months running FiC*