ညီလာခံတွင်ဖြစ်သည်။
ဂိုလျောမင်းသမီးကြီးကို အနောက်မိဖုရားတင်မြှောက်ရန်ဖြစ်သည်။အရှင်သည် ပုလ္လင်ပေါ်တွင်ကျနစွာ ထိုင်နေပြီး အနောက်မိဖုရားလာမည့်အချိန်ကိုစောင့်နေသည်။
မှူးမတ်အစုံအလင်နှင့် ညီလာခံသည် အနောက်မိဖုရားတင်မြှောက်မည့်နေရာဖြစ်နေတော့ နည်းနည်းကွဲလွဲနေသည်။နမ်ဂျွန်းဘေးတွင် မင်းသမီးငယ်က ထိုင်နေပြီး နမ်ဂျွန်းကိုရေနွးကြမ်းငှဲ့ပေးသည်။
နမ်ဂျွန်းလည်း ပြုံးရုံသာပြုံးပြလိုက်ပြီး ရေနွေးကြမ်းကိုယူသောက်လိုက်သည်။
မင်္ဂလာဦးတစ်ညလုံးသူမနှင့်ရှိမနေပေးနိုင်ခဲ့သည့်အတွက် နမ်ဂျွန်းသူမကို အားနာမိသည်။
ဒါတောင်သူမက စိတ်မဆိုးချေ။ခနနေတော့ မင်းသမီးဝင်လာသည်။
အနီရောင်ဝတ်ရုံအောက်က သူမမျက်နှာကို ဖုံးအုပ်ထားလျက်။
အရှင်ယွန်းဂီက သူမကို လက်လှမ်းပေးတော့ သူမက အရှင့်လက်ကို ဆုပ်ကိုင်ပြီး ပုလ္လင်ပေါ်တက်သည်။"ဂိုလျောမင်းသမီးဂီကို ငါကိုယ်တော်ရဲ့ အနောက်မိဖုရားအဖြသ်အပ်နှင်းလိုက်ပြီ"
အရှင့်စကားသံအပြီး ကျရောက်လာတဲ့ လက်ခုပ်သံများ။
ထို့နောက်ထုံးစံအတိုင်း အစီအရင်များလုပ်ပြီးနောက် အခမ်းအနားပြီးဆုံးသွားသည်။"ငါကိုယ်တော် ထပ်မံမိန့်စရာရှိသေးတယ် ဆောင်ကြာမြိုင်က ဗြပ်စောင်းတီးတဲ့ ကင်မ်ထယ်ယောင်းကို ငါ့ရဲ့ အချစ်တော်ခန့်အပ်လိုက်"
အရှင့်စကားသံကြောင့် အံ့သြသွားရသူက ညီလာခံတစ်ခုလုံးကသူများ။
ကင်မ်ထယ်ယောင်းကို အချစ်တော်ခန့်အပ်တာ မထူးဆန်းပေမယ့် အချသ်တော်ခန့်အပ်တာလောက်ကို ညီလာခံကြီးမှာ ကြေညာနေတာကြောင့်ပင်။အရှင်ကကြေညာပြီးသည်နှင့်တစ်ပြိုင်နက် မိဖုရားကိုထားခဲ့ပြီး အပြင်ထွက်သွားသည်။
သေချာတာပေါ့ အဆောင်မှာကျန်ခဲ့တဲ့ သူ့အရုပ်လေးဆီသွားဖို့ဆိုတာ။ညီလာခံထဲက လူတွေအားလုံးကြောင်တောင်တောင်သာကျန်ခဲ့သည်။
မင်းသမီးငယ်ဟာလည်း သူ့အစ်မဆီသွားပြီး အနောက်နန်းဆောင်ကိုလိုက်သွားသည်။နမ်ဂျွန်းလည်း ညီလာခံအတွင်းမှာကျန်ခဲ့တဲ့ အမတ်တစ်ချို့နဲ့ စကားပြောနေရင်းနဲ့မှ အတွေးထဲရောက်လာတဲ့ ဆော့ဂျင်ရဲ့ပုံရိပ်တို့။
နမ်ဂျွန်းလည်း စကားအမြန်ဖျက်ပြီး ဆော့ဂျင်ရဲ့ အဆောင်ကိုအပြေးသွားလိုက်ရသည်။
နမ်ဂျွန်းရင်ထဲအေးသွားသည်။
ညီလာခံအတွင်းအရှင်ပြောလိုက်တဲ့ စကားတွေကြောင့်။
သူကပဲ အတွေးတွေလွန်ခဲ့ပြီး စိုးရိမ်လွန်ခဲ့သည်ဟု နမ်ဂျွန်းထင်သည်။
ခနပဲစောင့်ပါ အချစ်ရယ်။
မင်းနဲ့ကိုယ်တို့ အလှပဆုံးကမ္ဘာကို တည်ဆောက်ကြမယ်လေ။ မင်းရဲ့ဘဝလေးကို ကိုယ့်ရင်ခွင်ထဲမှာ အမြဲသာယာနေစေတော့မှာမို့။ ချစ်တယ် ဂျင်ရယ်။
______________________
အရှင်ယွန်းဂီ နန်းဆောင်ကိုပြန်ရောက်တော့ ထယ်ယောင်းက ဘေးတစ်စောင်းလေးလှဲအိပ်နေသည်။
အရှင်ယွန်းဂီလည်း ထယ်ယောင်းဘေးမှာ ထိုင်ရင်းစိုက်ကြည့်နေမိသည်။အရှင်ယွန်းဂီသည့် ကိုယ့်ကိုကိုယ်တောင် နားမလည်တော့။
ထယ်ယောင်းအပေါ်ချစ်တယ်ဆိုတဲ့ ခံစားချက်မရှိပေမယ့် သူ့တစ်ဦးထဲအပိုင်ဖြစ်ချင်သည်။
ဒါကြောင့်သူ အလျင်လိုမိသည်။အေးစက်နေတဲ့ နှလုံးသားကိုနွေးထွေးသွားအောင်လုပ်နိုင်သူက ထယ်ယောင်းတစ်ယောက်သာ ရှိသည်။
အရှင်ယွန်းဂီသိပါသည်။
ထယ်ယောင်းက သူ့အပေါ်ကို ဆော့ဂျင်ထက်ပိုပြီးလွှမ်းမိုးနိုင်တယ် ဆိုတာကို၊
ဒါပေမယ့် သူလက်မလျော့နိုင်သေး ငယ်ငယ်ကတည်းက လိုချင်တယ်ဆိုရအောင်ယူတတ်သည်မို့ ဆော့ဂျင်ဆိုသည့်အဖိုးတန်လေးကိုလည်း သူပိုင်ဆိုင်ချင်မိသည်။သူဟာ လောဘကြီးသည်။
လိုချင်တာကိုရအောင်ယူတတ်သူမို့..။
ရက်စက်သည်။
သွေးအချို့နှင့်နေသားကျနေခဲ့သူမို့..။
______________________________________
T.B.C𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili
YOU ARE READING
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!
FanfictionKimNamJoon X KimSeokJin Only his order and permission is our life~~ *Probably 2 months running FiC*