"ဘယ်သွားကြမလည်း ဂျင်"
"ဈေးတန်းသွားကြမယ်လေ"
နမ်ဂျွန်း၏အမေးကို ရင်ခွင်ထဲမှဆော့ဂျင်သည် ပြုံးရင်းပြန်ဖြေသည်..။
နမ်ဂျွန်းလည်းဆော့ဂျင်နည်းတူပင်။
သူလည်းပဲ ချစ်ရသူနှင့်ပျော်ပျော်ရွှင်ရွှင်နေချင်မိပါသည်။
ဆော့ဂျင်ဟာ အရှင့်ကိုယ်လုပ်တော်ဆိုတာကိုမေ့ထားပြီး ခနလေးပဲဖြစ်ဖြစ်သူရူးမိုက်ချင်ပါသည်။နမ်ဂျွန်း ဆော့ဂျင်ကို အသာမ,ထူပြီး လက်ကိုဆွဲကာ နန်းဆောင်အပြင်သို့ ထွက်ခွာသည်..။
ဆော့ဂျင်သည် နမ်ဂျွန်း ရင်ခွင်ထဲအသာမှီပြီး လက်ဖဝါးကြီး
ကြီးကို ဆုပ်ကိုင်သည်..။ထို့နောက် နမ်ဂျွန်းသည် ဆော့ဂျင်ကို မြင်းဖြူပေါ်သို့ ပွေ့ချီပြီးတင်သည်...။
နမ်ဂျွန်းသည် မြင်းပေါ်တွင် ဆော့ဂျင်အားနောက်မှ သိုင်းဖက်သည်..။နန်းတော်အတွင်းမှ ထွက်ခွာပြီး ဆော့ဂျင်ကို အပြင်လောကနှင့်နီးစပ်စေသည်..။
မြင်းဖြူသည် ညိမ့်ညောင်းစွာ ပြေးနေသောကြောင့် လေတစ်ဝှေ့တိုက်တိုင်း သူတို့ဆံနွယ်တို့သည် လေ၌ ဝေ့ဝဲသည်..။ဒီအနေအထားလေးကို သူတို့နှစ်ဦးစလုံးသဘောကျသည်..။
ဖြစ်နိုင်ရင် ဒီလိုမျိုးလေး ခနခနထက်နေချင်မိသည်..။
သို့သော် သူတို့သည် ရက်စက်လှတဲ့ အရှင်သခင်ရဲ့ သစ္စာတော်ခံများဖြစ်နေသောကြောင့် ကံကြမ္မာကြီးက ခွင့်ပြုမည်မဟုတ်..။နန်းတော်အတွင်းမှ ထွက်ခွာသွားတဲ့ နမ်ဂျွန်းနှင့် ဆော့ဂျင်ကို အရှင်ယွန်းဂီသည် မျက်စိတစ်ဆုံးလိုက်ကြည့်သည်..။
"ပျော်နေတယ်ပေါ့ အဟက် မနက်ဖြန်ဆိုရင်တော့ စစ်သူကြီးကင်မ်က ငါ့ရဲသားကောင်ဖြစ်လာတော့မှာပဲ မင်းအပြစ်ပေါ့ ကိုယ်လုပ်တော်ကင်မ် မင်းကြောင့် မင်းချစ်ရသူသေရတော့မယ် ဒီလောက်တန်ဖိုးရှိတဲ့ မင်းကို ငါကသတ်စရာလား ငါ့ဘေးမှာ တစ်သက်လုံးထားပြီးနှိပ်စက်ဦးမှာ မင်းကတော့ မသိရှာဘဲ
အသေတောင်ခံဦးမယ်တဲ့လား အဟက်"
YOU ARE READING
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!
FanfictionKimNamJoon X KimSeokJin Only his order and permission is our life~~ *Probably 2 months running FiC*