ကုတင်ပေါ်တွင် အားနည်းစွာ လဲလျောင်းနေတဲ့ထယ်ယောင်း။
ကုတင်ဘေးတွင် သမားတော် အနည်းငယ်ရှိပြီး ဘေးတွင် မတ်တပ်ရပ်နေသည့် အရှင်ယွန်းဂီလည်း ရှိသည်။ခနနေတော့ သမားတော်တွေ အပြင်ထွက်သွားကြပြီး အရှင်ယွန်းဂီကတော့ ထယ်ယောင်းဘေး ဝင်ထိုင်ပြီး ဖြူဖျော့နေတဲ့ မျက်နှာလေးကို ဖွဖွထိမိသည်။
"မင်းက သိပ်ပျော့တာပဲ"
အရှင်ယွန်းဂီ ခပ်ဟဟရယ်ရင်း ပြောမိသည်။
သူစိုးရိမ်နေခဲ့တာ။
တစ်ခါမှမဖြစ်ဖူးတဲ့ ခံစားခိက်မျိုးနဲ့..။
_________________________
"အရှင်"ထယ်ယောင်းနိုးနိုးချင်းအရှင့်ကို တွေ့လိုက်ရတာမို့ လန့်ပြီးထမိတော့ အရှင်က သူ့ကိုပြန်လှဲစေသည်။
"ငြိမ်ငြိမ်နေ ထယ်ယောင်း "
ထယ်ယောင်း အံ့သြမိသည်။
အရှင်ကအခု ဂရုစိုက်ပေးနေတာလား။အရှင်က ထယ်ယောင်းဘေး ဝင်ထိုင်ပြီး စိုက်ကြည့်နေသည်။
ထယ်ယောင်းလည်း ရှက်သလိုလို အံ့သြသလိုဖြစ်လာပြီး မနေတတ် မထိုင်တတ်ဖြစ်လာသည်။"မင်းကဘာလို့ ဒီလောက်ပျော့ရတာလည်း"
ရုတ်တရက်ပြောလိုက်တဲ့ အရှင့်စကားကြောင့် ထယ်ယောင်းမှာပြန်ပြောရမဲ့ စကားမရှိခဲ့..။
ဒါပေမယ့် ကျေနပ်သလိုတော့ရှိသည်။"ဒီနေ့ဒီမှာပဲ ခနနေဦး"
အရှင်က ပြောပြီးအပြင်ထွက်သွားသည်။
ထယ်ယောင်းလည်း ထိုအခါမှသာ သက်ပြင်းချမိသည်။
ပြီးတော့ ပါးစပ်ကြီးက အလိုလိုပြုံးဖြီးလာပြီး ကျေနပ်သလိုကြီးဖြစ်လာသည်။
အိပ်ယာစကို ဆုပ်ကိုင်ရင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်။နာကျင်မှုတွေတောင် ချက်ချင်းသက်သာသွားသလို..။
ပျော်ရွှင်မှုတွေသာ ရင်ထဲတိုးဝက်လာသည်။
အရှင်က သူ့ကို နာကျင်စေသူလို့တောင် မေ့သွားခဲ့ပြီ။
အရှင်က ထယ်ယောင်းအပေါ် စိုးမိုးနိုင်လွန်းတယ်။။။
________________________
"ဒီနေ့ အနောက်မိဖုရား တင်မြှောက်ရမဲ့နေ့လေ ဂျင်ရဲ့ ကိုယ်သွားတော့မယ်နော် "
YOU ARE READING
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!
FanfictionKimNamJoon X KimSeokJin Only his order and permission is our life~~ *Probably 2 months running FiC*