"ဂျင် ကိုယ်သွားတော့မယ်နော်"
ဒီတစ်ခါတွင်တော့ ဆော့ဂျင်သည် နမ်ဂျွန်းကို တားဆီးခြင်းမရှိဘဲ အသာတကြည် သွားခိုင်းသည်။
နမ်ဂျွန်းလည်း ကုတင်ပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေတဲ့ ဆော့ဂျင်ရဲ့ နဖူးဝင်းဝင်းလေးကို ဖိနမ်းရင်း အခန်းအပြင်ထွက်လာခဲ့သည်။နမ်ဂျွန်းထွက်သွားမှ ဆော့ဂျင်ရဲ့ ပါးမို့မို့လေးထက်သို့
ကျဆင်းလာတဲ့ မျက်ရည်ကြည်။
အရင်တုန်းကလို နမ်ဂျွန်းကို အတင်းတားရင် နမ်ဂျွန်း သူ့ကို စိတ်ဆိုးသွားမယ်လို့ ဆော့ဂျင်သိသည်။"မင်းပြောတာမှန်တယ် ဂျွန်း မင်းမှာကြင်ယာတော်ရှိနေပြီဆိုတော့ ငါ့ကိုယ်ငါ ထိန်းချုပ်သင့်ပြီ ဂျွန်း ဟားးး တောင်းပန်ပါတယ် ဂျွန်း"
ဆော့ဂျင် စကားတစ်လုံး ပြောဖို့အတွက် အားတင်းနေရသည်။
မငိုဘူးဟု ဆုံးဖြတ်ထားပေမယ့် နမ်ဂျွန်းနဲ့ဆို ဒီမျက်ရည်က ကျတတ်စမြဲ။"မင်းနဲ့ ငါအမြဲတမ်ပဲ ခွဲနေရတာပဲ ဂျွန်းရာ ချစ်တယ်ဂျွန်းရယ်"
ရှိုက်သံများနှင့် မပီမသစကားများထွက်ကျလာသည်။
အိပ်ယာထက်တွင် ခန္ဓာကိုယ်ကို ကျုံနိုင်သလောက် ကျုံ့ပြီး မျက်ရည်တို့ကျဆင်းနေမိသည်။အနာဂတ်ကို ဆော့ဂျင်ကြိုမတွေးချင်၊ အတိတ်က ဖြစ်ပျက်ပြီးခဲ့တဲ့ အကြောင်းတွေးကိုလည်း မတွေးချင်၊ ယခုလက်ရှိ အချိန်လေးမှာပဲ နမ်ဂျွန်းနဲ့အတူနှစ်ယောက်တည်း လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေချင်မိတာပါ။
ဆော့ဂျင်လက်တို့က အိပ်ယာစကို တင်းတင်းဆုပ်ကိုင်ရင်း
ရှိုက်ကြီးတငင်ငိုနေမိတော့သည်။
သူမတတ်နိုင်ပါ နမ်ဂျွန်းနဲ့ဆိုရင်ပျော့ညံ့လွန်းတဲ့ စိတ်ကို။"ချစ်တယ် ဂျွန်း"
____________________
နမ်ဂျွန်း ဒီတစ်ခါပြည်တွင်းက ထွက်ခွာတဲ့ အချိန်မှာတော့ အရင်တစ်ခေါက်တုန်းကလို စိတ်လေးခြင်းမရှိတော့။
အရင်တစ်ခေါက်က ဆော့ဂျင်ကို အရှင်သိမ်းယူမည်ထင်၍
စိတ်ညစ်ခဲ့သော်လည်း အရှင့်ကို အထင်လွဲမိခဲ့ခြင်းဟု နမ်ဂျွန်းထင်သည်။
ဒါကြောင့် အခုကတော့ ပေါ့ပါးလို့နေသည်။
YOU ARE READING
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!
FanfictionKimNamJoon X KimSeokJin Only his order and permission is our life~~ *Probably 2 months running FiC*