"အရှင် လျှောက်တင်ရမှာ စိုးရွံ့မိပေမယ့် ကိုယ်လုပ်တော်ကင်မ် အခြေအနေမကောင်းပါဘူး သွေးအားအလွန်နည်းနေပါ
တယ် အခုတစ်ခါမှ မဟုတ်ဘဲအရင်တုန်းကလည်း သွေးအန်ဖူးလောက်ပါတယ် ကျွန်တော်မျိုးတို့လည်း ကိုယ်လုပ်တော်ကင်မ်ရဲ့ ရောဂါအနေအထားကို အခုအချိန်မှာ ကြုံတွေ့ဖူးတာပါ အရှင်""အဲ့အချိန်တုန်းက မင်းတို့က ဘာလို့မသိကြတာလည်း"
အရှင်ယွန်းဂီသည် ကုတင်ထက်တွင်ဖြူဖျော့စွာလဲနေသည့် ဆော့ဂျင်၏ လက်ကိုဆုပ်ကိုင်ရင်းသွေးအေးစွာပြန်ပြောသည်။
"စိုးရွံ့မိပါတယ်အရှင် ကိုယ်လုပ်တော်ကင်မ်က"
"ဘယ်အတိုင်းအတာလောက်ထိ ဆက်ရှင်နေနိုင်မှာလည်း"
အရှင်ယွန်းဂီသည် သမားတော်တို့ကို လက်ပြကာ သူသိလိုသည်ကို ထပ်မံမေးမြန်းသည်..။
"ကျွန်တော်မျိုးတို့ခန့်မှန်းမိသလောက်ကတော့ ရက်သတ္တပတ် တစ်ပတ်လောက်ပဲ ဆက်ရှင်သန်နိုင်မယ်လို့ ထင်ပါတယ် အရှင်"
"ရပြီ သွားတော့"
သမားတော်တို့သည် အဆောင်အပြင်ဘက်သို့ထွက်သွားကြသည်..။
အရှင်ယွန်းဂီသည်လည်း ဆော့ဂျင်ကိုတစ်ချက်ကြည့်ပြီး နန်းဆောင်အပြင်ဘက်ထွက်လာခဲ့သည်..။အဆောင်အပြင်ရောက်တော့ ဆော့ဂျင်ရဲ့မိခင်နဲ့အစ်ကိုတော်တို့ရှိနေပြီး အရှင်ယွန်းဂီကိုမြင်တွေ့သည်နှင့်အရိုအသေပေးကြသည်။
"ဝင်ခွင့်ပြုပါ အရှင်"
ဆော့ဂျင်၏ မိခင်သည် အရှင်ယွန်းဂီရှေ့ထိုင်ချပြီးမျက်ရည်များနှင့်တောင်းပန်သည်..။
အရှင်ယွနိးဂီသည် မကြားဟန်ပြုပြီး ထွက်သွားမည်လုပ်ပြီးမှ ဆော့ဂျင်မိခင်ကို ကျောခိုင်းလျက် ခေါင်းသာ တစ်ဖက်သို့လှည့်လာပြီး..။
YOU ARE READING
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!
FanfictionKimNamJoon X KimSeokJin Only his order and permission is our life~~ *Probably 2 months running FiC*