Ep4(Z&U)

8K 584 4
                                    


ရှောင်းကျန့်​ ​ဆေးရုံအုပ်​အခန်းရှိရာ​လျှောက်​လာခဲ့လိုက်​တယ်​။ ​ဒေါက်​ ​ဒေါက်​!

"ဝင်​ခဲ့ပါ"

အုပ်​ကြီး​ကိုခါးအနည်းငယ်​ကိုင်းအရိုအ​သေ​ပေးလိုက်​ပြီး
ထိုင်​ခုံမှာဝင်​ထိုင်​လိုက်​သည်​။

"မင်းအရင်​တစ်​​ခေါက်​ကခွင့်​​တောင်းထားတဲ့နယ်​ဘက်​ဆင်းမဲ့ကိစ္စ​ပြောမလို့"

"ဗျာ တကယ်​ဆင်းရ​တော့မှာ​ပေါ့"

"ဟုတ်​တယ်​ အဲ့ဘက်​​တွေကစစ်​​ဘေး​ရှောင်​​တွေကြီးပဲ
တော်​​တော်​များတယ်​ အန္တရာယ်​လဲအနည်းအကျဉ်းရှိနိုင်​လို့ ဖြစ်​နိုင်​ရင်​မင်းကိုမသွား​စေချင်​ဘူး"

ရှောင်းကျန့်​ဆိုသည်​မှာ ဒီ​ဆေးရုံအတွက်​အားထားရတဲ့ဆရာဝန်​​တွေထဲကတစ်​​ယောက်​ပဲ​လေ။အုပ်​ကြီးစိတ်​မချတာမဆန်းပါဘူး။အခုလည်း ​ရှောင်းကျန့်​ခွင့်​​တောင်းထားလို့သာ ​ပြောပြရခြင်းပင်​။

"ကျွန်​​တော်​အဆင်​​ပြေတာမို့လို့သွားခွင့်​​ပေးပါ ဆရာ
ကျွန်​​တော်​ကအဲ့လိုကျန်းမာ​ရေး​စောင့်​​ရှောက်​မှုနည်းပါးတဲ့ဘက်​​တွေကိုပဲသွားချင်​တာဗျ"

"အင်းပါ အစစအရာရာဂရုစိုက်​​ပြီး​နေပါ တခြားဆရာဝန်​နဲ့nurse သုံး​လေး​ယောက်​လည်းပါမှာပါ"

အုပ်​ကြီးနဲ့ခရီးအစီအစဉ်​များ​ပြောရင်း အိမ်​ပြန်​ကာ အထုပ်​အပိုး​တွေပြင်​ဆင်​ရ​တော့သည်​။ သန်​ဘက်​ခါ​ခရီးထွက်​ရမည်​​လေ။

"​တွေ့ရ​အောင်​"
message ​လေးကိုဖတ်​ပြီး ရိ​ပေါ်ပြုံးလိုက်​တယ်​။
မနက်​ကပစ်​ပစ်​ခါခါ​ပြောသွားတဲ့သူက ခုဘာများထပ်​​ပြောမလို့ပါလိမ့်​။တွေ့ချင်​တယ်​ဆို​တော့လည်း ဒီ​ကောင်​ကြီးကဘာငြင်းနိုင်​မှာလဲ။

At Coffee shop☕☕

ည​နေ​စောင်းပြီဆို​တော့ ​မှောင်​ရီရီလမ်းမ​ပေါ်မှာကားမီး​ရောင်​စုံ ပျားပန်းခတ်​​နေတယ်​။coffeeတစ်​ခွက်​ကိုအရသာခံ​သောက်​​နေမိရင်း ခါးသက်​သက်​အရသာက
နှစ်​သက်​ခြင်းကိုထပ်​​လောင်း​ပေး​နေပြန်​တယ်​။သူcoffeeခါး​တွေစကြိုက်​ခဲ့တာသိပ်​မကြာ​သေးပါဘူး။
အချစ်​ကမချိုမြိန်​ခဲ့​တော့ ခါးသက်​သက်​​ကော်​ဖီက
ကိုယ့်​အတွက်​​​တော့ချို​နေတတ်​ခဲ့ပြီ။

Oh! My Lovely Doctor: Ss-1Where stories live. Discover now