ရိပေါ်မင်းဘယ်လိုတွေပြောနေတာလဲ
ငါနဲ့မင်းကသူငယ်ချင်းတွေလေကွာ။"မင်းငါ့ကိုမချစ်သင့်ဘူး "
"ဘာ ဘာလို့လဲ"
"မင်းရောငါရောက...."
"ဘာလဲယောက်ျားလေးတွေလို့ပြောမလို့လား ဘာဖြစ်လဲ
မချစ်ရဘူးလား ချစ်ခွင့်မရှိဘူးလား ငါမင်းကိုချစ်တာဘာ
တွေများမှားနေလို့လဲ""မှားတယ် မင်းသိပ်မှားတယ် ငါတို့နှစ်ယောက်ကြားက
သံယောဇဉ်က ဖြူစင်တယ် သန့်ရှင်းတယ် ""ငါကညစ်ပတ်စုတ်ပြတ်တဲ့အချစ်နဲ့ချစ်ပါတယ်လို့
ပြောမိလို့လား""တော်တော့ကွာ ငါသွားပြီ"
ကျောင်းဝန်းထဲကထွက်သွားတဲ့ကားနီလေးကိုကြည့်
ပြီး ရင်ကတဆစ်ဆစ်နာလာတယ်။ မင်းပြောရက်တယ်။
ငါ့အချစ်ကမင်းကိုအဆိပ်ဖြစ်စေမှာမဟုတ်ပါဘူး။ရှောင်းကျန့်ဘယ်လိုပဲငြင်းနေပါစေ ရိပေါ်ကတော့
ဆက်ပြီးအနားမှာတွယ်ကပ်နေဆဲ...။>>>flashbacks end<<<<<
OTမှထွက်လာမဲ့ရှောင်းကျန့်အတွက် သူကြိုက်တဲ့
Orange juiceလေးမှာထားပေးဖြစ်တယ်။
ဆေးရုံရှေ့ကဒီဆိုင်လေးမှာသူခဏခဏထိုင်ဖြစ်တယ်။
မမြင်မတွေ့ရရင်မနေနိုင်တဲ့မျက်နှာလေးကို ငေးခွင့်ရဖို့ပေါ့
ပြောပါတယ် မင်းရှိမှဖြစ်မှာပါလို့...။Duty coatလေးနဲ့အပြေးအလွှားရောက်လာတဲ့
ရှောင်းကျန့်ကိုကြည့်ပြီး juiceခွက်ကို ရှေ့တိုးပေးဖြစ်တယ်။ " Thanks" ဒါသူပြောနေကျစကား။
ချေမိုးတာမဟုတ်ဘဲစကားအပိုမပြောတတ်တာက
ရှောင်းကျန့်အကျင့်။ငယ်ငယ်ကထဲကခံစားချက်တွေကိုသိုဝှက်တတ်တယ်။
ခံစားနေရတာတွေဘယ်သူမှမသိစေချင်တာမျိုး။
သူဘာလိုချင်တယ်၊ဘာဖြစ်ချင်တယ်ဆိုတာတောင်
မိဘတွေကိုအသိမပေးခဲ့ဘဲ ဆရာဝန်ဖြစ်လာခဲ့တာ။
ကျွန်တော်သိတာပေါ့ ပန်းချီတွေဆွဲနေရရင်ပျော်နေတတ်
တဲ့ရှောင်းကျန့်အကြောင်းကို...။
YOU ARE READING
Oh! My Lovely Doctor: Ss-1
Fanfikceမင်းကိုမချစ်ပဲမနေနိုင်တာမို့လို့ ငါ့အချစ်တွေကိုမျက်ကွယ်ပြုလဲ ငါကချစ်နေဦးမှာပဲ #Yibo ငါမင်းကိုချစ်လာနိုင်မယ်မထင်ဘူး ဒါကြောင့်ငါနဲ့အဝေးဆုံးမှာနေပေးပါ #Xiao Zhan (June 16,2020) မင်းကိုမချစ်ပဲမနေနိုင်တာမို့လို့ ငါ့အချစ်တွေကို...