At America
ရုံးသွားပြီဖြစ်သောပါးနဲ့မားကိုပြုံးပြနှုတ်ဆက်ရင်း
အိမ်ထဲပြန်ဝင်လာလိုက်သည်။accident ဖြစ်ထားတာကတော်တော်ထိထားတာမို့
အနားလည်းယူရင်း မဟာဘွဲ့ဆက်တက်ဖို့လေ့လာလို့
လည်းရအောင် ဒီကိုထွက်လာခြင်းပင်။ပြီးတော့....မေ့ထားချင်သောသူတစ်ယောက်လည်း
ရှိတာမို့။"ငါသူ့အကြောင်း သတင်းတွေလိုက်ဖွဦးမှာ"
ဒီစကားက ကျွန်တော့်ကိုတုန်လှုပ်သွားစေခဲ့တာ။
ရိပေါ်ရဲ့ဂုဏ်သိက္ခာ လုံးဝကျဆင်းသွားမဲ့အဖြစ်မျိုး
မလုပ်နိုင်ပါ။အသက်၂၄နှစ်အရွယ်ယောက်ျားတစ်ယောက်
ဟာ ရှေ့ဆက်တက်လှမ်းဖို့ ပန်းတိုင်များစွာရှိသေးသည်။
ရိပေါ်လိုထူးချွန်သူတစ်ယောက်က အမြင့်ဆုံးထိတက်လှမ်း
နိုင်ပါသည်။ ကျွန်တော့်ကြောင့် သူ့ဂုဏ်သိက္ခာတွေကို
မညှိုးနွမ်းစေချင်ဘူး။ကျွန်တော်နဲ့အတူရှိနေမဲ့နေ့ရက်တိုင်း
ဟာ သူ့အတွက်ငရဲလိုဖြစ်နေလိမ့်မယ်။ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုဒဏ်တွေကြား သူ့ကိုလူးလိမ့်
မနေစေချင်ဘူး။ဒါကြောင့် ကျွန်တော်ဒီကိုထွက်လာခဲ့တာ။ကလင် ကလင်!!!
ပါးနဲ့မားက သီးသန့်ခြံဝန်းနဲ့နေတာမို့ ဒီနေရာလေးက
တိတ်ဆိတ်ငြိမ်သက်ကာ အေးဆေးနေချင်တဲ့ကျွန်တော့်
အတွက်အဆင်ပြေလှသည်။တံခါးဝမှဘဲတီးသံကြောင့်
အိမ်ရှေ့သို့ထွက်ကာကြည့်လိုက်သည်။ဟင်!!!
တံခါးရဲ့အပြင်ဖက်မှသူ့ကိုစူးစူးရဲရဲကြည့်နေတဲ့ ဝမ်ရိပေါ် ။
ဘယ်လိုလုပ်ပြီး...ဒီထိရောက်လာရတာလဲလေ။"မင်းစေ့စပ်တော့မယ်ဆို"
Sofaပေါ်ခြေချိတ်ထိုင်ကာ ပြောလိုက်တဲ့ရိပေါ်စကား
ကြောင့် နားရှုပ်သွားရတာတော့အမှန်ပင်။
YOU ARE READING
Oh! My Lovely Doctor: Ss-1
Fanfictionမင်းကိုမချစ်ပဲမနေနိုင်တာမို့လို့ ငါ့အချစ်တွေကိုမျက်ကွယ်ပြုလဲ ငါကချစ်နေဦးမှာပဲ #Yibo ငါမင်းကိုချစ်လာနိုင်မယ်မထင်ဘူး ဒါကြောင့်ငါနဲ့အဝေးဆုံးမှာနေပေးပါ #Xiao Zhan (June 16,2020) မင်းကိုမချစ်ပဲမနေနိုင်တာမို့လို့ ငါ့အချစ်တွေကို...