OT ဝင်နေတုန်း expired ဖြစ်သွားတာမို့
လူက ပိုပြီးပင်ပန်းနွမ်းနယ်သွားရသည်။
ဘယ်လောက်ပဲခဏခဏကြုံဖူးသည်ဆိုဆို
အနည်းနဲ့အများတော့ စိတ်ပင်ပန်းရသည်လေ။ဖုန်းကိုဖွင့်ကြည့်လိုက်တော့ ဘုရားရေ....
ရိပေါ်ဆီမှ miss call တွေကတန်းစီနေသည်။
OTဝင်နေတုန်းခေါ်ထားတာဖြစ်လိမ့်မည်။ဖုန်းပြန်ခေါ်ဖို့ပြင်လိုက်တော့ Battery down
သွားသည်။ကျွတ်!စိတ်ညစ်လိုက်တာ~
ဘာများအလိုရှိလို့ဆက်တာပါလိမ့်။emergency လည်းမရှိတာမို့ အိမ်ကိုသာ
ပြန်လာလိုက်တော့သည်။ အိမ်ရောက်တော့
ဝမ်ရိပေါ်မရှိ...ဘယ်များသွားနေပါလိမ့်။
ညနေတောင်စောင်းတော့မည်။ဖုန်းကိုအားသွင်းထားလိုက်ကာ ရေချိုးခန်းအရင်
ဝင်ဖြစ်သည်။ ရေထိလိုက်မှအနည်းငယ်လန်းဆန်း
သွားသလိုပဲ။ringtone သံကြားလိုက်သလိုရှိ
ပေမဲ့ ရေကျသံတွေနှင့်မသဲကွဲ ရေကိုသာအားပါးတရ
ချိုးနေလိုက်မိသည်။ဆံပင်ကိုခပ်ဖွဖွသုတ်နေရင်း ဖုန်းကိုကြည့်မိတော့
ထင်သည့်အတိုင်း ဝမ်ရိပေါ်ရဲ့ miss call~~ခေါ်ကြည့်လိုက်တော့ မကိုင်...
နောက်တစ်ခေါက် ခေါ်သည်... ပြီးတော့
နောက်တစ်ခါထပ်ခေါ်သည် မကိုင်။"တော်ပြီကွာ"
ဆံပင်လည်းမသုတ်ချင်တော့ ဆိုဖာပေါ်ပစ်လှဲချကာ
မျက်လုံးမှိတ်ထားမိသည်။ ဘာမှလည်းမစားချင်တော့။အခန်းတံခါးဖွင့်သံကြားသည်။
ပြီးတော့ ရင်းနှီးနေသည့်အငွေ့အသက်တစ်ခု....။
ဆံပင်တွေကိုလာထိကိုင်နေသည့်
လက်ချောင်းသွယ်တွေကြောင့် ဝမ်ရိပေါ်မှန်းတန်းသိ
လိုက်သည်။"ကျစ်...ဆံပင်စိုတွေနဲ့အိပ်နေပြန်ပြီကွာ"
အသံခပ်တိုးတိုးကြောင့် ပြုံးမိသည်။
သူ့လက်တွေဟာ ပါးပြင်တစ်လျှောက်ကိုပွတ်သပ်
ပြီး နှုတ်ခမ်းနားကမှဲ့ငယ်လေးဆီကိုရောက်တော့
YOU ARE READING
Oh! My Lovely Doctor: Ss-1
Fanfictionမင်းကိုမချစ်ပဲမနေနိုင်တာမို့လို့ ငါ့အချစ်တွေကိုမျက်ကွယ်ပြုလဲ ငါကချစ်နေဦးမှာပဲ #Yibo ငါမင်းကိုချစ်လာနိုင်မယ်မထင်ဘူး ဒါကြောင့်ငါနဲ့အဝေးဆုံးမှာနေပေးပါ #Xiao Zhan (June 16,2020) မင်းကိုမချစ်ပဲမနေနိုင်တာမို့လို့ ငါ့အချစ်တွေကို...