"ဆားဒါးငယ်ဟယ်သာ အူးရီးဂါမန်းနာ..."
"ရိပေါ် ဘာတွေလျှောက်ဆိုနေတာလဲ"
ရှောင်းကျန့်က ပါးနဲ့မားကိုဖွင့်ပြောပြီးကထဲက သီးသန့်
အိမ်တစ်လုံးဝယ်ကာခွဲနေဖြစ်ကြသည်။ဘယ်လိုပဲခွင့်ပြု
တယ်ဆိုဆို ဒါကသာမန်အိမ်ထောင်ရေးနဲ့ မတူ ကွဲလွဲတာမို့ အနည်းဆုံးဆင်ခြင်သင့်တာဆင်ခြင်ပြီးနေထိုင်ရမည်။ဒီနေ့ရှောင်းကျန့် Duty off တာမို့ ထမင်းချက်ခန်းဝင်နေတုန်း အနားရောက်လာပြီး lyrics အမှားတွေလျှောက်ဆို
နေတဲ့ ဝမ်ရိပေါ်ပါပင်။"မင်းကိုချစ်တဲ့အကြောင်း ဆိုပြနေတာလေ"
မျက်စိတစ်ဖက်ဖြတ်ခနဲမှိတ်ပြကာပြောလာသော ရိပေါ်။
တစ်နည်းအားဖြင့် ရှောင်းကျန့်ချစ်ရသူ...။"ရော့ ဒါလေးလှီးကူ"
မုန်လာဥနီလေးများကို ကမ်းပေးလာသောရှောင်းကျန့်ကို
ကြည့်ကာ "ကိုယ့်ယုန်ပေါက်လေးက မုန်လာဥနီကြော်
စားမလို့လား" ဟု ချစ်စနိုးမေးလိုက်သည်။"အပိုတွေပြောမနေနဲ့ မြန်မြန်လုပ်"
စနေသားလေးဒေါပွနေပြီ။ မျက်စောင်းကိုယ့်ဆီမရောက်ခင် ကူလုပ်ပေးဦးမှပါ။
"ရှောင်းကျန့် ငါ့ကိုချစ်လား"
"ကျွတ် စကားမများနဲ့ ဒီမှာဆီသပ်နေတယ်"
"ကြားချင်လို့ဟာကို ယုန်ပေါက်လေးကလည်း
နော် နော် ဖြေလေကွာ""မင်းလည်း အေးဆေးကိုမနေနိုင်ဘူး ပြီးအောင်လှီးကွာ"
"မင်းကတကယ့်စိတ်ပုပ် ဒါလေးပြောရမှာ အာ့"
ဓားရှပြီ!!!
ရှောင်းကျန့်ကဆီအိုးကိုချကာ အနားရောက်လာပြီး ဝမ်ရိပေါ်လက်ကိုဆွဲ
ယူလိုက်သည်။ "တွေ့လား ဂရုစိုက်ပြီးမှမလုပ်ပဲမင်း""ပါးပါးလေးပါကွာ ဒီလောက်ကအပျော့ ဟင်!!"
ရိပေါ်ပြောစကားများရုတ်ချည်းရပ်တန့်သွားရသည်။
လက်ညိုးဖျားလေးကိုပါးစပ်ထဲထည့်ငုံလိုက်သော
ရှောင်းကျန့်ကြောင့် ကြက်သီးများပင်ထသွားရသည်။
ပူနွေးပြီးနူးညံ့သော အထိအတွေ့၊လက်ဖျားလေးမှတစ်ဆင့်
နှလုံးသားထဲထိစီးဝင်လာသော နွေးထွေးမှု..။
YOU ARE READING
Oh! My Lovely Doctor: Ss-1
Hayran Kurguမင်းကိုမချစ်ပဲမနေနိုင်တာမို့လို့ ငါ့အချစ်တွေကိုမျက်ကွယ်ပြုလဲ ငါကချစ်နေဦးမှာပဲ #Yibo ငါမင်းကိုချစ်လာနိုင်မယ်မထင်ဘူး ဒါကြောင့်ငါနဲ့အဝေးဆုံးမှာနေပေးပါ #Xiao Zhan (June 16,2020) မင်းကိုမချစ်ပဲမနေနိုင်တာမို့လို့ ငါ့အချစ်တွေကို...