Ep8(Z&U)

6.7K 547 0
                                    

Jackလက်​​မောင်းကို​သေနတ်​ထိသွားတာမို့ ​ရှောင်းကျန့်
ပါပစ်​လဲကျသွားရသည်​။ရိ​ပေါ်အ​ပြေးအလွှားသွားလိုက်​ပြီး
လဲ​နေတဲ့​ရှောင်းကျန့်​ကို​ဆွဲယူ​ပွေ့လိုက်​သည်​။

Jackနဲ့အ​​ပေါင်းအပါတွေကိုလက်​ထိပ်​ခတ်​ဖမ်းဆီးသွားကြပြီဖြစ်​​ပြီး ကျိုးရီကသူတို့အနားမှာကျန်​ခဲ့သည်​။မြို့ထဲကို
အုပ်​စုပြတ်​ဝင်​လာတဲ့ထဲမှာ Jackတို့လူစုက​ရောပါဝင်​လာ
ပြီး​ရှောင်းကျန့်​ကိုတမင်​ဖမ်း​ခေါ်ခြင်းပင်​ဖြစ်​သည်​။
လက်​နက်​ဆို၍ဓားသာကြီးကြီးမားမားအဖြစ်​ပါသည်​။

အဖြစ်​မရှိဘဲ လူမိုက်​လုပ်​ချင်​တဲ့ ​သောက်​တုံး!!!
ရှောင်းကျန့်​သာဆိုးဆိုးရွားရွားတစ်​ခုဖြစ်​ကြည့်
မင်းကိုသတ်​ပြီး ​ထောင်​ထဲဝင်​မှာ!!

လည်​ပင်းမှ​သွေးအနည်းငယ်​ထွက်​​နေပြီး မျက်​နှာတစ်​ခုလုံး
လည်းဖူး​ယောင်​​နေသည်​။ သူအမြတ်​တနိုးဆုပ်​ကိုင်​ဖူး​သော လက်​​​ချောင်းသွယ်​သွယ်​​တွေဟာ နီရဲတွတ်​​နေသည်​။
လှပတဲ့မျက်​ဝန်း​တွေကို​တော့မြင်​​တွေ့ခွင့်​မရပါ။သတိလစ်
နေပြီဖြစ်​သည်​။

"ရိ​ပေါ် အပြင်​မှာကား​ရောက်​​နေပြီမို့သွားရ​အောင်​"

ရှောင်းကျန့်​ကို​ပွေ့ယူကာ ကားဆီသို့ထွက်​လာခဲ့သည်​။
ဒဏ်​ရာရ​စေခဲ့လို့​တောင်းပန်​ပါတယ်​။ ​စိတ်​ပင်​ပန်း​စေခဲ့
လို့​တောင်းပန်​ပါတယ်​။ အချိန်​မှီမ​ရောက်​လာနိုင်​လို့လည်း
တောင်းပန်​ပါတယ်​။ကျေးဇူးပြုပြီးဆိုးဆိုးရွားရွားဘာမှမဖြစ်
ဘဲနိုးထလာ​ပေးပါ။ငါက ​စောင့်​​နေမှာမို့လို့​ကျေးဇူးပြုပြီး...

*******

နွေး​ထွေး​သောအသိတစ်​ခုနှင့်​အတူ ရ​နေကြရနံ့၊
သူနဲ့မစိမ်းသက်​​သော​နေရာ....​ဆေးရုံ။
အာ​ခေါင်​​ခြောက်​ကပ်​​နေပြီး ​ရေဆာလာသည်​။
မျက်​လုံးကိုအားယူဖွင့်​လိုက်​​တော့ စူးရှရှ​နေ​ရောင်​​ကြောင့်
ပြန်​မှိတ်​လိုက်​ရသည်​။ ပြီးမှအသာပြန်​ဖွင့်​ကာ စကား​ပြော
ဖို့အားယူလိုက်​​တော့ ကုတင်​​ဘေးမှာသူ့လက်​ကိုဆုပ်​ကိုင်
ကာ​ခေါင်း​မှောက်​အိပ်​​နေ​သော....ဝမ်​ရိ​ပေါ်။

Oh! My Lovely Doctor: Ss-1Where stories live. Discover now