Ep7(Z&U)

7K 527 4
                                    

မျက်​နှာ​လေးရှုံ့တွကာ သူ့ကိုယ်​​ပေါ်မှာစိတ်​ညစ်​​နေရှာတဲ့​ရှောင်းကျန့်​အား ခပ်​တင်းတင်းဖျစ်​ညစ်​ထားလိုက်​တယ်​။
အား  ​နွေး​ထွေးလိုက်​တာ။မနက်​အိပ်​ရာနိုးတိုင်း သူ့ကို
ဒီ​လို​ထွေး​ပွေ့ခွင့်​ရမယ်​ဆို သိပ်​​ကောင်းမှာပဲ။

မုန့်​ဆီ​ကြော်​ဘယ်​ဆီ​နေ နှုတ်​ခမ်းနာနဲ့တည့်​ပါ့မလား
ဆိုသလိုဖြစ်​​နေပြီ။ချစ်​ခွင့်​မရ​သေးဘဲအဆင့်​​ကျော်​​နေပြီ
ဖြစ်​​သောသူ့အ​တွေးစ​တွေကိုဖြတ်​ချပြီး ​ရှောင်းကျန့်​ကိုယ်
လေးကိုလွှတ်​​ပေးလိုက်​ရတယ်​။

တွန့်​​ကြေသွား​သောအကျီင်္ကို ဆွဲဆန့်​ကာထရပ်​လိုက်​​သော
ရှောင်းကျန့်​ကို​စောင်​ပုံကြားက ​မော့ကြည့်​ပြုံးပြလိုက်​တယ်

မင်းက​လေ....တကယ်​ဖြူစင်တယ်
ပြီး​တော့က​လေး​လေးလိုပဲ။ငါ့ကိုခုလိုအတင်းအကြပ်
မလုပ်​တဲ့အခါမှာ​ပေါ့....။

"ချက်​ချက်​ချက်​...."
ည၁၂နာရီအချိန်
နာရီသံတချက်​ချက်​က သူ့အ​တွေး​တွေကို ဟိုတစ်​စသည်​တစ်​စ လွင့်​​မျော​စေတယ်​။ ​ရှောင်းကျန့်​ အိမ်​ပြန်​အိပ်​ရတဲ့
နေ့မှကွာ...ကင်းလှည့်​ကျပြန်​တယ်​လို့။

အ​ခြေအ​နေ​တွေကမ​ရေရာ​တော့ သူတို့တာဝန်​​တွေကို
လျစ်​လျူရှု မ​နေနိုင်​ပါ။ လုံခြုံ​ရေးအတွက်​ပူး​ပေါင်း​ဆောင်
ရွက်​ကြရသည်​။

ခြေသံတစ်​ချို့ကြားလိုက်​ရသည်​။ထို့​နောက်​တိုက်​ခိုက်​သံ
အချို့။ သူအပြင်​ထွက်​ကြည့်​လိုက်​​တော့ ​တောင်​​ခြေနားမှာ
တိုက်​ပွဲအ​သေးစားတစ်​ခုဖြစ်​​နေသည်​။

ခဏအတွင်းမှာပင်​ တိတ်​ဆိတ်​ငြိမ်​သက်​​သောအ​ခြေအ​နေမှ ​အော်​သံများဖြင့်​ဆူညံသွားရသည်​။
သူ့ဆီ​ပြေးဝင်​လာ​သောတစ်​​ယောက်​အား သုံး​လေးချက်​​လောက်​ဖျင်း​ပေးလိုက်​တယ်​။နောက်​ပြီးသူ့ကိုဝိုင်းလာ​သော
နှစ်​​ယောက်​ လျင်​မြန်​စွာပင်​ တိုက်​ခိုက်​လိုက်​​တော့ ခဏအတွင်း လဲပြိုသွားကြသည်​။ ​နောက်​ကချည်းကပ်​လိုက်​​သောတစ်​​ယောက်​ကို ငုံ့​ချောင်​ကာ သူ့တုတ်​နှင့်​ပင်​ ကိစ္စ
တုံး​ပေးလိုက်​သည်​။

Oh! My Lovely Doctor: Ss-1Where stories live. Discover now