"လွမ်းလိုက်တာကွာ...ရူးတော့မလိုပဲ"
Daddy နေမကောင်းလို့ ရိပေါ်
တရုတ်ပြန်ရောက်လာခဲ့သည်မှာ
တစ်လနီးပါးရှိပြီ။ပြန်ပြီးသက်သာလာပေမဲ့
ဂရုစိုက်ပေးချင်တဲ့စိတ်ကလည်းရှိတာမို့ နေနေရတာ
ပင်။ ဒီကြားထဲ v callပြောရင်းအလွမ်းမပြေနိုင်။ရှောင်းကျန့် Duty ဝင်နေတဲ့ချိန်တွေဆို
လွမ်းရတာ အရူးအမူးပဲ။အလုပ်က အမေရိကမှာမို့ ခွင့်ရက်ယူထားတော့
Daddy အနားနေရင်း ယောင်လည်လည်။"မနက်စာပြင်ထားပြီနော်"
"အေး လာပြီ"
"ဟာ လာပြန်ပြီ ပေါင်မုန့်မီးကင် မင်းကလည်း
ဒါချည်းပဲလား""ကျွန်တော်မှ တခြားဟာမလုပ်တတ်တာ"
"ငြီးငွေ့လာပြီကွ"
"ကဲပါ Daddy ရယ် ကလေးလိုဂျီမကျစမ်းပါနဲ့
မနက်ဖြန်ကျ တခြားဟာ စမ်းလုပ်ပေးမယ်""အပြင်ကဝယ်စားလည်းရပါတယ်"
"ဟုတ်ပါပြီ Daddy သဘော"
ဂရုစိုက်ပေးတော့ ဂျီကျချင်သည်။ ဘာပဲဖြစ်ဖြစ်
ကျွန်တော်တို့နှစ်ယောက်ကို လက်ခံပေးရုံနဲ့ပင်
Daddyကို ကျေးဇူးတင်မဆုံးရှိနေပြီ။>>>>
ညနေစာစားပြီး အိပ်ခန်းထဲတန်းဝင်လာခဲ့သည်။
ဒီည Duty offတာမို့ v callပြောရမည်လေ။တစ်ခေါက်ခေါ်သည်....မကိုင်။
နောက်တစ်ခေါက်! !
မကိုင်...
လေး ငါးကြိမ်ခေါ်မှ ခပ်စူးစူးအသံလေးကိုအရင်ကြား
ရသည်။ "သေမလို့ အဲ့လောက်ခေါ်နေတာလား"သူ့အသံလေးမှာ အာရုံသည်ကပ်ပါသွားပြီး
ညဝတ်အဖြူလေးဝတ်နေတဲ့သူဟာ...ဖွေးဥနေသော အသားစိုင်ကိုလှစ်ခနဲလှမ်းမြင်လိုက်
ရသည်။အကျီင်္ကိုဆွဲချလိုက်သောအခါ ဖုန်းကွယ်
သွားသော ဗိုက်သားချပ်ချပ်လေးကို မချင့်မရဲ
ဖြစ်မိသည်။
YOU ARE READING
Oh! My Lovely Doctor: Ss-1
Fanficမင်းကိုမချစ်ပဲမနေနိုင်တာမို့လို့ ငါ့အချစ်တွေကိုမျက်ကွယ်ပြုလဲ ငါကချစ်နေဦးမှာပဲ #Yibo ငါမင်းကိုချစ်လာနိုင်မယ်မထင်ဘူး ဒါကြောင့်ငါနဲ့အဝေးဆုံးမှာနေပေးပါ #Xiao Zhan (June 16,2020) မင်းကိုမချစ်ပဲမနေနိုင်တာမို့လို့ ငါ့အချစ်တွေကို...