Final Ep (Z&U)

8.8K 524 13
                                    

နွေး​ထွေး​နေ​သောပတ်​ဝန်းကျင်​ရယ်​ ပုံမှန်​မဟုတ်​​သော
အ​ခြေအ​နေတစ်​ခုရယ်​​ကြောင့်​ ဝမ်​ရိ​ပေါ်အိပ်​​နေရာမှနိုးလာခဲ့သည်​။သူ့လက်​​မောင်း​ပေါ်မှာအိပ်​​ပျော်​​နေ​သော ​ရှောင်းကျန့်​ကိုမြင်​​တော့မှ ညကသူ့ကိုနှလုံး​ရောဂါရ​စေခဲ့​သော
တရားခံ​လေးအားတစိမ့်​စိမ့်​ရှုစားမိသည်​။

အခု​တော့အပြည့်​အဝချစ်​ခွင့်​ရခဲ့ပြီ​ပေါ့။ရှောင်းကျန့်​​ခေါင်း​လေးနားတိုးလိုက်​ပြီး ဆံပင်​​တွေကြားမျက်​နှာဝှက်​ကာ
အနံ့​လေးကိုရှူရှိက်​လိုက်​သည်​။ပြီး​တော့ ပါးပြင်​တစ်​​လျှောက်​ကို လက်​နဲ့ခပ်​ဖွဖွတို့ထိကာ နှုတ်​ခမ်း​နား​ရောက်​​တော့
လက်​ကရပ်​တန့်​သွားရပြီး ဒီနှုတ်​ခမ်း​လေးက ကျွန်​​တော့်​ကိုထွက်​သွားဖို့​ပြောဖူးသလို ချစ်​တယ်​လို့လည်း​ချော့သိပ်​ဖူးခဲ့တယ်​။ ပြီး​တော့မထင်​မှတ်​ထားတဲ့အနမ်းတစ်​ခုကိုလည်း
ပေးခဲ့​သေးတာ။

"ချစ်​တယ်​ ထာဝရထက်​မပိုခဲ့ရင်​​တောင်​အသက်​နဲ့ခန္ဓာတည်​​နေသ​ရွေ့ဒီလူသားဟာ မင်းတစ်​​ယောက်​ထဲကိုပဲ
ချစ်​သွားမှာ"

"တကယ်​လား"

ဘယ်​တုန်းကထဲကနိုး​နေမှန်းမသိ​သော ​ရှောင်းကျန့်​။

"တကယ်​​ပေါ့ ဘာလဲမင်းကမယုံလို့လား"

မျက်​နှာ​လေးကိုမချိုမချဉ်​လုပ်​ပြီးမ​ဖြေပဲ​နေ​သော ​ရှောင်းကျန့်
ကိုအတင်းဆွဲဖက်​ကာ

"ဟင်​ မယုံဘူးလားလို့​ဖြေကွာ"

"ယုံပါတယ်​"

"ချစ်လား"

"ညက​ပြောပြီးပြီ​လေ"

စိတ်​တိုတဲ့အသံ​လေးနဲ့ရင်​ခွင်​ထဲကလှမ်း​ပြောတဲ့စ​နေသား
လေးရဲ့ နှာ​ခေါင်းကိုဆွဲညှစ်​လိုက်​ပြီး

"ခုထပ်​ကြားချင်​လို့"

"အင်း"

"ဘာအင်းလဲ"

"အင်းလို့ "

"အဲ့တာကြားချင်​တာမဟုတ်​ဘူး​လေ"

"အင်းပါဆို"

"မင်း​နော်​"

"ချစ်​တယ်​ကွာ ချစ်​တယ်​​ကျေနပ်​ပြီလား"

Oh! My Lovely Doctor: Ss-1Where stories live. Discover now