Ep6(Z&U)

7.1K 579 3
                                        


ရှောင်းကျန့်​ကိုအရိပ်​တကြည့်​ကြည့်​နဲ့ထမင်းစားလိုက်​တာ
ဗိုက်​​တွေပြဲကားသွားသည်​။

"မင်းဒီအခန်းမှာပဲ​နေတာ​ပေါ့"

"အွန်း ဟုတ်​တယ်​"

ထမင်းစားတာကိုလက်​စသပ်​ရင်းပြန်​​ဖြေလိုက်​တဲ့ ​ရှောင်းကျန့်​က ထမင်းလုတ်​နဲ့ဖု​ဖောင်း​နေတဲ့ ပါးပြင်​နဲ့က​လေးဆန်​​နေပြန်​တယ်​။

"ကုသ​ဆောင်​​တွေဖက်​သွားလိုက်​ဦးမယ်​"

"အင်း"

သူတို့အထူးတပ်​ဖွဲ့ဝင်​​တွေ​​နေဖို့ရာ အိမ်​​ပေးထား​ပေမဲ့ ​ရှောင်းကျန့်​နားကသူမခွာချင်​။အနားမှာ​နေပြီး​စောင့်​​ရှောက်​​ပေးချင်​သည်​။

ည​နေ​စောင်း​တော့ ​ရှောင်းကျန့်​ကုသ​ဆောင်​မှခဏထွက်​လာလိုက်​တယ်​။ဒီညလူနာ​စောင့်​ရမှာကသူ့အလှည့်​ဆို​တော့ ​စောင်​၊ခြင်​​ထောင်​​တွေယူရမည်​။ညဖက်​ဆိုနှင်းဖွဲ​လေး​တွေကျတဲ့ ဒီမြို့ငယ်​​လေးဟာ​နေချင်​စရာအတိ။
ဘေးအန္တရာယ်​​တွေသာမရှိရင်​​ပေါ့...

အိမ်​ထဲဝင်​ဝင်​ချင်း​တွေ့လိုက်​ရတာက သူ့ကို​နောက်​​ကျော​ပေးကာ အဝတ်​​တွေနဲ့အလုပ်​ရှုပ်​​နေတဲ့ ဝမ်​ရိ​ပေါ်.....။

"မင်းဘာ​တွေလုပ်​​နေတာလဲ"

"အဟဲ ဟို ငါ မင်းနဲ့​နေမလို့ မင်းသိတဲ့တိုင်းငါလူနဲ့မအိပ်​တတ်​ဘူး​လေ"

"ကုတင်​ကတစ်​လုံးထဲရယ်​"

"အတူအိပ်​မယ်​​လေ"

ဘယ်​လိုအခွက်​​ပြောင်​တဲ့စကားမျိုးလဲ။ ရိ​ပေါ်ရဲ့ကူးဂိုင်းဆိုတဲ့ဂုဏ်​ပုဒ်​ဟာ သူ့​ရှေ့ဆိုကြက်​​ပျောက်​ငှက်​​ပျောက်​ပင်​။
ချစ်​တယ်​လို့ အမှတ်​မထင်​​ပြောမယ်​။ ပြီးရင်​သူမဟုတ်​သလိုခပ်​တည်​တည်​​နေမယ်​။ သူဘ​လောက်​ပဲငြင်းပါ​စေ ​နောက်​ဆုတ်​သွားမဲ့အထဲဝမ်​ရိ​ပေါ်မပါ။

လှပတဲ့မျက်​​စောင်းမမြည်​​သောအကြည့်​က ရိ​ပေါ်ကိုအသည်းယားသွား​စေတယ်​။ဟုတ်​တယ်​​လေ သူမှတစ်​ခြားသူ​တွေနဲ့မအိပ်​တတ်​တာ ဒါ​လေး​ပြောမိတာကို။

Oh! My Lovely Doctor: Ss-1Where stories live. Discover now