Ep5(Z&U)

7.5K 574 2
                                    

မှေးစင်း​နေ​သောမျက်​​တောင်​ဖျား​တွေ...
လှရက်​လိုက်​တာ ငြိမ်​သက်​​နေတဲ့နှုတ်​ခမ်းပါးငယ်​​ပေါ်
မှဲ့နက်​က​လေးကဂုဏ်​ယူဝံ့ကြွားစွာတည်​ရှိ​နေခဲ့။

သူထိ​တွေ့ဖူးတဲ့ဆံသားအိအိ​တွေကိုပတ်​တီးစဖြူ​တွေလွှမ်းထားတယ်​။သူအချိန်​မှီ​ရောက်​လာခဲ့လို့သာ​ပေါ့ ဒီ့ထက်​နည်းနည်း​လောက်​သာ​နောက်​ကျသွားခဲ့ရင်​ဆိုတဲ့အ​​တွေးက
နှလုံး​တွေ​အောင့်​တက်​လာတဲ့ထိနာကျင်​​စေတယ်​။

ရှောင်းကျန့်​ ကိုစိတ်​ချလက်​ချလွှတ်​လိုက်​ရ​အောင်​ ကျွန်​​တော်​သူ့ကို​ပေါ့ပျက်​ပျက်​ချစ်​ခဲ့တာမှမဟုတ်​ဘဲ။ သူထွက်​သွားပြီးကထဲက ရုံးချုပ်​ကိုစာတင်​ပြီး လိုက်​ခွင့်​ရဖို့အလူးအလဲကြိုးစားခဲ့တာ။

အခင်းဖြစ်​တဲ့​နေရာ​ရောက်​​တော့ သတိ​မေ့​နေတဲ့​ရှောင်းကျန့်​ကိုသာရင်​နင့်​ဖွယ်​​တွေ့လိုက်​ရတာ သူနဲ့ပါလာတဲ့အဖွဲ့ကလဲ​နေတဲ့​ကောင်​​တွေကိုဖမ်းချုပ်​​ခေါ်သွား​လေရဲ့။

အိမ်​ရှင်​အ​ဒေါ်ကြီးနဲ့က​လေး​တွေကိုလည်း​ကုသ​ဆောင်​​တွေဆီ​ခေါ်သွားကြတယ်​။ ကျွန်​​တော်​က​တော့​ရှောင်းကျန့်​ကို​ပွေ့ပြီး​ခေါ်လာခဲ့ရတာ​ပေါ့။ရင်​ခွင်​ထဲက​မေ့​မျော​နေတဲ့​ရှောင်းကျန့်​ဟာ ကျွန်​​တော့်​ရဲ့အရာရာဆိုတာသူသိပါ​လေစ။

အနည်းငယ်​လှုပ်​ခတ်​လာတဲ့မျက်​​တောင်​ဖျား​တွေ..
ပြီး​တော့ရှုံ့မဲ့သွားတဲ့မျက်​နှာ​လေး။ ​ရှောင်းကျန့်​လက်​ဖဝါး​လေးကိုဆုပ်​ကိုင်​​ပေးထားလိုက်​တယ်​။ ​ကြောင်​​တွေကို​တောင်​တယုတယမ​ပွေ့ဖက်​ မကိုင်​တွယ်​ဖူးတဲ့ရိ​ပေါ်က​လေ
ဘုရားစူး ​ရှောင်းကျန့်​ကိုကြင်​ကြင်​နာနာဆက်​ဆံ​နေပုံများ။

"ဟင်​ မင်းဘယ်​လိုလုပ်​ပြီးဒီ​ရောက်​​နေတာလဲ"

တအံ့တဩ​မေးလာတဲ့​ရှောင်းကျန့်​ကိုပြုံးပြုံးကြီးကြည့်​​နေ​ပေးလိုက်​တယ်​။ပြီး​တော့လက်​ဖဝါး​လေးကိုဆုပ်​နယ်​ကာ

"တာဝန်​နဲ့လာတာ"

"Aww"

ခေါင်းကိုက်​​သေးလား ဘာညာနဲ့ဆက်​ပြီး​လောကွတ်​​ချော်​ရ​အောင်​လည်း သူကဆရာဝန်​။သူ့လက်​​လေးကိုလွှတ်​လိုက်​ပြီးအခန်းထဲကထွက်​မယ်​လုပ်​​တော့

Oh! My Lovely Doctor: Ss-1Where stories live. Discover now