ep ~4~

9.7K 937 57
                                    

#Unicode
ကျောင်းဆင်းချိန်ရောက်တော့ဂျောင်ဂုကသွားမယ်ဟုသူ့အားပြောကာရှေ့ကထွက်သွားတော့ကျောပိုးအိတ်လေးပိုက်ပြီးလိုက်သွားသောထယ်ယောင်းကိုဂျီမင်တို့နှစ်ယောက်ကတော့ကြည့်သာနေတော့သည်.....

“ဂျီဟွန်း ထယ်ယောင်းအဆင်ပြေမှာပါနော်ဂျောင်ဂုက
အေးစက်စက်နဲ့လေ...စာမရရင်စိတ်တိုနေမှာစိုးလို့”

“စိတ်မပူပါနဲ့ဂျီမင်ရယ် ဂျောင်ဂုထယ်ယောင်းကိုကြည့်တဲ့အကြည့်တွေကလေ အရောင်အနည်းငယ်ပါနေသလားလို့ ဟား....”

“ဘာအရောင်လည်း.....”

“မင်းလေ့လာမှတ်သားနေတဲ့ပန်းတစ်မျိုးရဲ့ဖွင့်ဆိုမှု့လေ သေချာမှပန်းနာမည်ပေးကြတာပေါ့ကွာ”

“ငါကတော့ထယ်ထယ့်ကိုနေကြာပန်းလေးမဖြစ်စေချင်ဘူး ပင်ပန်းမှု့ဒဏ်ကိုခံရမှာစိုးရိမ်တယ်”

ကားလေးလည်းကျောင်းဝန်းထဲမှစတင်ထွက်ခွာလေပြီ.....ကားပေါ်ပါလာတဲ့ကောင်လေးကတော့တိတ်ဆိတ်လျှက်သာ........

“ထယ်ယောင်း ကိုယ်ကုန်တိုက်ခဏဝင်မလို့ဝယ်စရာနဲနဲရှိလို့လေအဆင်ပြေတယ်မလား”

“ဟုတ်ကဲ့ ရပါတယ်”

“ထယ်ယောင်းကဒယ်ဂူကပေါ့ မိဘတွေကိုလွမ်းလား”

“လွမ်းတယ် မားမားရဲ့လက်ရာကိုရော....ဖွားဖွားရဲ့ပုံပြင်တွေရော.... ပါးပါးရဲ့ထယ့်ကိုစနောက်နေတာတွေရော....
သူတို့အားလုံးရဲ့မေတ္တာတွေကတွေးလိုက်
တိုင်းနွေးထွေးသွားတယ်”

တစ်ချိန်လုံးတိတ်ဆိတ်နေတာသူ့မိသားစု
အကြောင်းမေးမှပဲအသံလေးထွက်လာတော့သည်။

“ထယ် တို့ကစိုက်ခင်းတွေလုပ်တာဆိုယွန်းဂီဟျောင်းပြန်လာတုန်းကအသီးတွေ ကိုယ်တို့အတွက်ယူလာသေးတယ်လေ”

ထယ်ယောင်းသတိထားမိနေတာဂျောင်ဂုကသူ့ကိုယ်သူ ကိုယ် လို့သုံနှုန်းပြီး ထယ် လို့ခေါ်လိုက်တာကို..... သဘောမကျဘူးလားဆိုတော့...
ရင်ထဲအနည်းငယ်လှုပ်ခက်သွားတယ်ဆိုတာ
ဝန်ခံပါသည်.......

“ဟုတ်တယ် ဖွားဖွားတို့ရဲ့အလုပ်ကိုပါးပါးက
ဆက်လက်လုပ်ကိုင်နေတာ ”

My Love Is Only One For You √Completed √   Where stories live. Discover now