ep ~5~

9.7K 947 55
                                    

#Unicode
ဂျောင်ဂုနဲ့ထယ်ယောင်းဈေးဝယ်နေတုန်းမှာ
တွေ့လိုက်ရတာက ချွဲဟယ်နာနဲ့အတူ အထက်တန်းကျကျဝတ်စားဆင်ယင်ထား
သောအန်တီနှစ်ယောက်သူတို့ရှေရောက်လာလေတယ်.....

"ဂျောင်ဂု နင်ကသူနဲ့ဘာလို့ shopping ထွက်နေတာလဲ"

"သား ဂျောင်ဂုမတွေ့တာကြာပြီကွယ်အလည်လာပါအုံးအန်တီတို့အိမ်ဘက်ကို"

အန်တီတစ်ယောက်ကတော့ဂျောင်ဂုနားသွားကာဈေးဝယ်ထားတဲ့ပစ္စည်းတွေကိုကြည့်ပြီး

"သားလေးရယ် မာမီနဲ့ပြန်လာနေပါလား
ဒုက္ခ ခံမနေပါနဲ့နော်..."

"မာမီ ဒီနေ့အားနေပုံပဲ အိမ်ပြန်လာတော့ရော မာမီကဘယ်နှရက်ရှိမှာလည်း အလုပ်ပဲပိုဂရုစိုက်လိုက်ပါ ကျွန်တော်က
ဒီလိုနေရတာပိုသဘောကျနေပြီ"

"ဒါသားသူငယ်ချင်းလေးလား"

"ဟုတ် တွေ့ရတာဝမ်းသာပါတယ်
ကျွန်တော်က ကင်မ်ထယ်ယောင်း ပါအန်တီ"

"သွားလိုက်ပါအုံးမယ်..... ထယ် ဒီမုန့်တန်းမှာလိုချင်တာရှိသေးလား"

"မရှိ..မရှိတော့ပါဘူး အန်တီတို့ကိုအားနာ.."

"လာ...မရှိတော့ရင်သွားမယ်"

စကားကိုဆုံးအောင်ပြောခွင့်မပေး...တွန်းလှည်းကိုလက်တစ်ဖက်ကတွန်းကာ
ကျန်တဲ့လက်တစ်ဖက်ကထယ်ယောင်းကိုဆွဲခေါ်သွားသောဂျောင်ဂုနောက်ကိုယက်ကန်ယက်ကန်ပါသွားသောထယ်ယောင်း......
နောက်လှည့်ကြည့်ကာဂျောင်ဂုအမေတို့ကိုအားနာတဲ့အကြည့်နဲ့သာခေါင်းငုံ့ပြလိုက်ရတော့တယ်......

"အန်တီ သူလေအဲ့ကောင်လေးကိုအရမ်းအရေးပေးတာပဲအခုလုပ်သွားတာကြည့်ပါလား"

ဟယ်နာပြောလိုက်သောစကားကိုပြုံးပဲပြလိုက်မိတယ်...ဂျောင်ဂုရဲ့အပြုံးတွေအပြောတွေ
နွေးထွေးမှု့တွေအရင်လိုပြန်ဖြစ်လာတော့မယ်ထင်ပါရဲ့........အေးစက်စက်နေကာ စကားသိပ်မပြောတော့တဲ့သူ့သားလေးက
အခုဆိုသူ့ဘေးနားကကောင်လေးလက်ဆွဲကာ
ပြုံးပြီးဈေးဝယ်နေတဲ့မြင်ကွင်းလေးက ဂျောင်ဂုအမေအတွက်တော့အဖိုးတန်တဲ့
အချိန်လေးပါပဲ .....
သားပျော်ရွှင်ဖို့မာမီအမြဲဆုတောင်းခဲ့တာပါ
ကလေးရယ်......

My Love Is Only One For You √Completed √   Donde viven las historias. Descúbrelo ahora