ep ~18~

7.4K 702 28
                                    

#Unicode

မနက်မိုးလင်းတော့ထယ်ယောင်းအိပ်ပျော်ရာကနိုးလာရင်းမျက်လုံးတန်းမဖွင့်နိုင်သေးပါ။စိတ်ထဲမှာ ညကအဖြစ်ပျက်တွေကိုပုံဖော်ရင်း သူ့ကိုမျက်နှာချင်းဆိုင်တွေ့ဖို့မလွယ်ကူတာသိသည်။မဖြေရှင်းရင်လည်းပြီးသွားမှာမဟုတ်တာကြောင့်ထထိုင်လိုက်တဲ့အချိန်အခန်းထဲမှာသူမရှိ။မျက်နှာသစ်ပြီးကျောပိုးအိတ်နဲ့ဖုန်းယူလိုက်တော့ဂျောင်ဂု အမေဆီကဖုန်းခေါ်နေတာတွေ့လိုက်ရသည်။

"ဟုတ်ကဲ့ အန်တီ"

"သား အားရင်လေ အန်တီနဲ့ညနေတွေ့လို့ရမလား"

"ဟုတ်ရပါတယ်အန်တီ ကျွန်တော်လာခဲ့ပါ့မယ်"

"ကောင်းပြီသား ဂျောင်ဂုမသိစေနဲ့
အန်တီတို့တွေ့မှာကို"

"ဟုတ်ကဲ့"

သက်ပြင်းတစ်ချက်ချရင်းထွက်လာတော့ ဧည့်ခန်းမှာ laptop တစ်လုံးနဲ့စာရွက်စာတမ်းတွေနဲ့အတူအလုပ်ရှုပ်နေတာတွေ့လိုက်ရသည်။

"ဆေးရုံသွားတော့မယ်"

"ခဏ ထယ် ကိုယ်လိုက်ပို့မယ်
မနက်စာလည်းဆိုင်မှာတစ်ခုခုဝင်စားရင်းလေ"

"အင်း"

ဘာမှအထွန့်တက်မနေချင်တော့။
စကားသာပြောနေပေမယ့် အကြည့်တွေက laptop နဲ့စာရွက်တွေကြား
ပြေးလွှားလျက်သာ။ဒါကိုကြည့်ခြင်းအားဖြင့်သူအလုပ်ရှုပ်နေတယ်ဆိုတာ
ထယ်ယောင်းသိနေသည်။ခင်ဗျားဟာ
ကျွန်တော့်အတွက်တော့ တွေးနေစရာမလိုပဲအဖြေကိုတန်းသိနေတဲ့ ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ဝေးသွားခဲ့ရင် ချစ်ခြင်းဖြင့်သာအမှတ်ရနေပါစေ။ထယ်ယောင်းတွေတွေလေးငေးကာရပ်ကြည့်နေတုန်းမှာပဲ သူ့မျက်နှာရှေ့လက်ယမ်းကာ ခေါ်နေမှသတိပြန်ဝင်လာတော့သည်။

"ထယ်ရာ လူကြီးကြနေတာပဲ
တွေတွေကြီးရပ်နေတာ ဒါပြသနာမဟုတ်ပါဘူးဆို ကိုယ်က အကုန်ဖြေရှင်းပေးမယ် ကိုယ့်အနားမှာနေပြီး လက်ကိုဟောဒီလိုဆွဲထားစမ်းပါ"

ပြောနေရင်းမှာပင် ထယ်ယောင်းရဲ့လက်ချောင်းကြားမှာ နေရာယူလာတဲ့
နွေးထွေးသော လက်သွယ်သွယ်တစ်စုံ။
ဘာကိုတွေဝေနေရအုံးမှာလည်း သူ့မျက်နှာကိုမော့ကြည့်ပြီးလက်ချောင်းတွေကိုပြန်လည်ဆုပ်ကိုင်လိုက်တော့သည်။ခုနကစိတ်ညစ်နေတာတွေတွေးပူနေရတာတွေမှန်သမျှ အကုန်ပပျောက်ကာ ဘယ်ဆီရှာရမှန်းမသိအောင် သူ့အချစ်ကပြုစားလွန်းသည်။

My Love Is Only One For You √Completed √   Where stories live. Discover now