ep ~16~

7K 617 17
                                    

#Unicode
မနက်ခင်းကျောင်းသွားဖို့ပြင်ဆင်နေကြရင်းညနေအကိုတွေကိုပေးဖို့လက်ဆောင်တွေပါပြင်ဆင်နေသောထယ်ယောင်းရယ်ပါ။ဂျောင်ဂုကတော့မနက်စာစားဖို့ပြင်ဆင်နေလိုက်တယ်။

"အခုဒါတွေကိုကားပေါ်တစ်ခါထဲတင်ပြီးညနေကြရင် ဂျင်ဟျောင်း ဆိုင်မှာပေးရအောင်နော်"

"Ok လာစားတော့"

စားပြီးသည်နှင့်ကျောင်းကိုသာထွက်လာကြသည်။ကျောင်းရောက်တော့
ဂျီဟွန်းအတွက်လက်ဆောင်ကိုညနေကြရင်ယူသွားဖို့ပြောရင်းဆရာမစာလာမသင်ခင်စကားဖောင်ဖွဲ့နေခိုက် ဂျီမင်း ဆီကညနေပြန်လာမယ်ဆိုပြီးစာပို့လာလေရဲ့။

ညနေရောက်တော့ဂျီဟွန်းကိုလက်ဆောင်ထုတ်လေးပေးကာ
အကိုတွေရှိရာဆီသို့သွားကြသည်။
ဆိုလ်းရဲ့ညနေခင်းအလှနဲ့အတူ ဝန်ထမ်းတွေရုံးဆင်းချိန် ကျောင်းတွေဆင်းချိန်ဆိုတော့ ကားလမ်းတွေပိတ်နေရင်းအချိန်ကြာနေတော့တယ်။

"ညနေကြရင် ဂျီမင်း ပြန်လာမယ်တဲ့
ထယ်အိမ်ပဲပြန်တော့မယ်နော်"

"ထယ်အိမ်က ကိုယ့်အိမ်လေ
ဂျီမင်း အိမ်ကသူငယ်ချင်းအိမ်
အိမ်ပဲပြန်ကြမယ်လေ"

"အာ....အဲ့လိုလား ဟီး....
ဒါပေမယ့်နောက်မှလေအခုကဂျီမင်းနဲ့ပဲနေအုံးမှာ မကြာခင်ပဲ ဂျောင်ဂုနဲ့ကျောင်းလိုက်တက်မှာပဲကို"

"ဟုတ်ပါပြီဗျာ ကျွန်တော်ကအရာရာတိုင်းထက်နောက်ဆုံးကပါ"

ထယ်ယောင်း လှည့်ကြည့်မိသွားတယ်။ဘာရယ်မဟုတ်စနောက်ကာ သူပြောနေတဲ့အဲ့စကားကိုကြားလိုက်တိုင်း စိတ်မကောင်းဖြစ်ပြီး အဆမတန်ရင်နာရပါတယ်ဆိုတာသိစေချင်လိုက်တာ။
ဖွင့်ချမပြတက်တဲ့စိတ်ကြောင့်ဟုသာ
ကိုယ့်ကိုယ်ကို အပြစ်တင်နေတာ
ခင်ဗျားသိအောင်ဘယ်လိုပြောရမလဲ။

"ထယ် စိတ်မကောင်းဖြစ်သွားတာလား
Sorry ကိုယ်ကစလိုက်တာပါ အဆင်ပြေတယ်ဘာမှမဖြစ်ဘူး ကိုယ်အဆင်ပြေပါတယ် ထယ်ရယ် ကိုယ့်ကိုအရမ်းဦးစားပေးထားတာဆိုတာသိပြီးသားလေနော်"

ပြောလည်းပြောခေါင်းလေးကိုလည်းဖွဖွပုတ်ပေးရင်းကားကိုဂရုတစိုက်မောင်းနေသောဒီလူသားဟာ ကျွန်တော်ဘာဖြစ်နေတယ်ဆိုတာကိုတန်းသိနေပြန်သေးတာ။သူနဲ့ဘယ်တော့မှမဝေးချင်ဘူး။

My Love Is Only One For You √Completed √   Où les histoires vivent. Découvrez maintenant