ep ~ 1~

31.4K 1.2K 38
                                    

#Unicode
မနက်ခင်းလေးမှာငှက်ကလေးတွေရဲ့အော်သံနှင့်အပြိုင်နေရောင်ခြည်ရဲ့အလင်းရောင်ဖြာကြမှု့ကြောင့်ထယ်ယောင်းတစ်ယောက်နိုးထလာခဲ့လေသည်။အိပ်ရာနိုးနိုးခြင်းမှာငှက်ကလေးတွေအသံကိုနားထောင်ရင်းအခန်းရဲ့ပြတင်းပေါက်လိုက်ကာမှာနေရောင်ခြည်ဖြာကြပြီးအလင်းဟပ်နေပုံကသူ့အခန်းလေးရဲ့အကြိုက်ဆုံးသောအရာ။စာကြည့်ခုံပေါ်မှနာရီလက်တံက7:30ကိုညွှန်ပြနေလေပြီသူထပြီးရေချိုးခန်းဝင်သွားတိုတ်မျက်နှာသစ်လုပ်ပြီးသည်နှင့်အိမ်အောက်ထပ်သို့ခုန်ပေါက်ကာဆင်းလာလေတော့သည်.......

ဧည့်ခန်းထဲမှာတော့အဘွားကသတင်းစာထိုင်ဖတ်နေသည်။ဒီချိန်ဆိုပါးပါးကစိုက်ခင်းထဲသွားပြီးမားမားကဈေးသွားလောက်ပြီ....

‟ဖွားဖွားမောနင်း"

‟နိုးပြီလားမြေးလေးထမင်းစားခန်းမှာမြေးလေးမေမေကထမင်းကြော်ထားတယ်နွားနို့ကမီးဖိုးပေါ်မှာတင်ထားတယ်နွေးနွေးလေးသောက်ရအောင်တဲ့သွားစားလိုက်အုံး"

‟ဟုတ်ကဲ့ဖွားဖွား"
ကျွန်တော်လည်းနွားနို့လေးခွက်ထဲထည့်နေတုန်းထမင်းစားစားပွဲပေါ်မှဖုန်းကမြည်လာလေသည်။ဖုန်းနံပါတ်ကြည့်လိုက်တော့ဂျီမင်းရဲ့ဖုန်းဖြစ်နေတော့တာပဲ......

‟အေး ဂျီမင်းပြော"

‟ထယ်ထယ်ရေငါ့ကိုအဖေနဲ့အမေကဆိုလ်းမှာကျောင်းသွားတက်ခိုင်းမလို့တဲ့အခုကျောင်းဖွင့်တာနဲ့"

‟ဟုတ်လားကောင်းတာပေါ့အထက်တန်းအောင်ပြီးရင်လည်းဆိုလ်းမှာကျောင်းဆက်တက်မှာဆိုတော့အဲ့တော့မှငါတို့တူတူတက်မယ်နော်"

‟အောင်မယ်မရပါဘူးထယ်ထယ်မင်းပါအတူတူလိုက်တက်"

‟ဟင်"

‟ဟင်..မနေနဲ့ငါတစ်ယောက်ထဲမသွားချင်ဘူးလေနော်ဦးနဲ့ဒေါ်ဒေါ်ကိုငါလာပြောပေးမယ်လေထယ်ထယ်ရယ်လိုက်တက်ပါနော်နော်.."

‟အေးပါ ပါးနဲ့မား ပြန်လာရင်ပြောကြည့်ပြီးမင်းကိုပြန်ပြောမယ်နော်"

‟ငါဖုန်းမျှော်နေမယ်နော် ဘိုင့်ဘိုင်သူငယ်ချင်းလေး"

ဂျီမင်းဖုန်းချသွားတော့ထယ်ယောင်းမနက်စာစားရင်စိတ်ကူးလွှင့်နေမိတော့သည်။ဂျီမင်းကဘူဆန်မှာနေတာဖြစ်ပြီးသူ့ရဲ့အဒေါ်ကကျွန်တော်တို့နဲ့အိမ်နီးနားချင်းကျောင်းပိတ်ရက်တိုင်းရဒယ်ဂူမှာရှိတဲ့သူ့အဒေါ်ဆီအလည်လာရင်းကျွန်တော်နဲ့ခင်သွားကာအရမ်းချစ်တဲ့သူငယ်ချင်းတွေဖြစ်လာခဲ့တာကြာပါပြီ။သူပြန်သွားရင်လည်းနေ့တိုင်းဖုန်းဆက်ကြပြီးတစ်နေ့တာအကြောင်းဘာရယ်မဟုတ်နှစ်ယောက်ပြောဖြစ်ကြသည်။ဆိုလ်း..ကျွန်တော်သုံးခေါက်လောက်ပဲရောက်ဘူးတာဆိုလ်းမှာဖေဖေ့အမရှိတော့ကျွန်တော်တို့မိသားစုအလည်သွားတာရယ်ဟျောင်းလာလည်ရင်းကျွန်တော့်ကိုခေါ်သွားတာရယ်....

My Love Is Only One For You √Completed √   Donde viven las historias. Descúbrelo ahora