ep ~12~

7.4K 698 16
                                    

#Unicode
ထယ်ယောင်းရေချိုးခန်းဝင်နေတဲ့အချိန်မှာ
ဂျီမင်းနဲ့အတူစကားပြောနေသောဂျောင်ဂု။
ဂျီမင်းကတော့မနက်စာစားဖို့ပေါင်မုန့်ကင်စက်ထဲကပေါင်မုန့်ကိုယူပြီးထောပတ်ဘူးနဲ့အတူ
စားပွဲဝိုင်းဝင်ထိုင်ရင်းနဲ့ထယ်ယောင်းအလာကို
စောင့်နေတော့တယ်။

"ဂျီမင်း ထယ် ကနေဒါလိုက်ဖို့
သူ့မိဘတွေကသဘောတူပါ့မလား"

"သူ့အဖေသဘောပေါ့ ဒါပေမယ့်
သူ့အဖေက ထယ်ထယ်ကိုကျောင်း
ကောင်းကောင်းထားပေးချင်တာဆိုတော့
ရလောက်ပါတယ်"

"ထည့်ပါစေကွာ..
ငါလည်းသူမလိုက်ဖြစ်ရင်
မသွားဖြစ်လောက်ဘူး"

"မင်းအဘွားကိုဘယ်လိုပြောမလဲ
မင်းအတွက်ကအကုန်စီစဉ်ပြီးပြီမလား"

"အေး ပြောတော့ကြည့်ရမှာပေါ့"

သူတို့နှစ်ယောက်နားသို့ကျောပိုးအိတ်ကိုလွယ်ကာ hoddie ဖြူဖြူလေးဝတ်ပြီး ဂျင်းဘောင်းဘီပြာလေးနဲ့လိုက်ဖက်စွာရောက်လာသောထယ်ယောင်း။
ရိုးရိုးလေးနဲ့လှရက်သူလေး။
ဂျောင်ဂုပြုံးကြည့်ရင်းနဲ့
အသည်းယားလာတယ်ဒါလေးကို....

"သွားကြတော့လေ မင်းတို့"

"ဂျီမင်းလိုက်ခဲ့ပါလား"

"သွားပါထယ်ထယ်ရယ်....
ငါကခဏနေယွန်းဂီဟျောင်းနဲ့အပြင်သွားမှာ"

"ဟာ...အဲ့အခြေအနေတောင်ရောက်နေပြီလား"

"မပြောနေပါနဲ့ကွာ... အဲ့လူကြီးကငါ့ကိုကလေးပဲရှိသေးတယ်တဲ့
သူကြိုက်တဲ့ကောင်မလေးရှိတယ်တဲ့....
ငါပါကွ ဒီနေ့အဲ့ကောင်မလေးမွေးနေ့လေ ဟားဟားအစွမ်းပြရအုံးမယ်"

"ပြန်လာရင်ပြောပြအုံးနော်"

"မပူနဲ့မင်းသာဟယ်နာနဲ့တွေ့ရင်
ကောင်းကောင်းအစွမ်းပြလိုက်ကြားလား"

ဂျောင်ဂုဒီနှစ်ယောက်ကိုကြည့်ပြီး
မပြုံးပဲမနေနိုင်။ထယ်ယောင်းရဲ့ ကာကွယ်ရေးဝန်ကြီးရာထူးကိုအော်တိုယူထားသောဂျီမင်းရယ်ပါ။
သူတို့နှစ်ယောက်လည်းကားရှိရာသို့ထွက်လာကြရင်း ကားပေါ်ရောက်တော့ထယ်ကိုထိုင်ခုံ
ခါးပတ်ပတ်ပေးပြီးဘယ်အရင်ဆုံးသွား
မလည်းမေးဖို့ပြင်ရတယ်။

My Love Is Only One For You √Completed √   Dove le storie prendono vita. Scoprilo ora