ep ~17~

6.7K 643 30
                                    

#Unicode

ထယ်ယောင်း အတွေးပေါင်းစုံနဲ့အိမ်ပြန်ရောက်လာခဲ့တယ်။မားကိုလည်းမနက်ဖြန်မှလာတော့မယ့်အကြောင်းဖုန်းဆက်ပြောပြီးပြီ။အခန်းထဲမှာအရုပ်ကြိုးပျက်သလိုထိုင်နေမိတာ အချိန်အတော်ကြာတဲ့အထိ။တံခါးခေါက်ပြီးဝင်လာတဲ့ဂျီမင်းက အံ့ဩသွားတဲ့အနေအထားနဲ့အတူမေးခွန်းပေါင်းများစွာနဲ့။

"ထယ် ဘာလဲဂျောင်ဂုနဲ့ရန်ဖြစ်လာတာလား သင်တန်းကအဆင်မပြေဘူးလား
မျက်နှာလည်းမကောင်းဘူး ဘာဖြစ်လာတာလဲကွာ"

"ဂျီမင်း အဖွားဆေးရုံတက်နေရတယ်
မားတို့အခုဆိုလ်းမှာ ခွဲစိတ်ရမယ်တဲ့"

"ဟာ ဒါဆိုငါတို့သွားကြမယ်လေ"

"မနက်မှသွားကြမယ် ငါအခုအဲ့ကပြန်လာတာငါရောက်သွားတာ ပါးတို့မသိဘူး"

"ဘာလို့မင်းကအသိမပေးခဲ့တာလဲ"

"ငါရောက်သွားတော့ မားတို့ကထမင်းတစ်ယောက်စာဝယ်ပြီးဟင်းကျန်လေးတွေနဲ့စားနေကြတာ"

ထယ်ယောင်းပြောရင်းရှိုက်ကြီးတငင်ငိုနေတာကိုကြည့်ပြီးဂျီမင်းစိတ်မကောင်းပေ။

"အဆင်ပြေမှာပါ အဆင်ပြေသွားမှာ
စိတ်မပူပါနဲ့ ထယ်ထယ်ရယ်"

"အဖွားက အသက်ကြီးတော့ခွဲစိတ်မှု့ကခံနိုင်ရည်မရှိမှာစိတ်ပူရတယ်တဲ့ ပြီးတော့မားတို့စိုက်ခင်းကလည်းအပျက်စီးများလို့ရှုံးတယ်တဲ့ အလုပ်သမားခတွေနဲ့ ဆေးရုံစရိတ်တွေနဲ့ အဲ့ဒါကိုငါကျောင်းထားဖို့ပိုက်ဆံကိုမထိဘူးလုပ်နေကြတယ်"

"ဟျောင်းအမေတွေဆီအကူညီတောင်းကြည့်ပါလား အဆင်ပြေမှာပါ"

"မားရဲ့ အမေဖြစ်နေတော့ ပါးကသူ့အမကိုအပူမပေးချင်ဘူးတဲ့ ပြီးတော့ငါ့အတွက်စုထားတဲ့ပိုက်ဆံသုံးလိုက်ပြီး
ဂျောင်ဂုကျောင်းထားပေးလည်း
ပါးကပိုဆိုးမှာ ဘယ်လိုမှလက်ခံမှာမဟုတ်ဘူး"

ထယ်ယောင်းပြောတာအမှန်တွေပင်။
ဦးလေးကအရမ်းကိုရိုးသားပြီးစည်းကမ်းကြီးတဲ့သူ။သူ့သားကိုသူရှိနေပါရဲ့နဲ့တခြားသူကျောင်းထားပေးမှာဘယ်တော့မှလက်ခံမှာမဟုတ်။

My Love Is Only One For You √Completed √   Onde histórias criam vida. Descubra agora