ep ~9~

8.4K 802 22
                                    

#Unicode
မနက်ရောက်တော့ထယ်ယောင်းတစ်ကိုယ်လုံး
ကိုက်ခဲနာကျင်နေသည်။လိုက်ကာကြားကအလင်းရောင်လေးတွေ့တော့ဒယ်ဂူကအခန်းလေးကိုသတိရသွားတယ်.....

"ထယ်နိုးပြီးလား ဆန်ပြုတ်လေးသောက်လိုက်အုံး
ညကထယ်ဖျားလို့လေ"

"ညကဂျောင်ဂုကို
ဒုက္ခပေးမိသလိုဖြစ်သွားရတာ
အားနာပါတယ်"

"မလိုပါဘူးထယ်ရယ်....
အခုရောသက်သာရဲ့လား"

အဖျားရှိန်ကြောင့်မျက်နှာလေးကရဲနေကာ
နှာခေါင်းလေးရှုံ့ရင်းခေါင်းငြိမ့်ပြသော
ထယ်ယောင်း.....
တွေးလေ ဟယ်နာကိုဒေါသထွက်လေ
ဖြစ်နေသောဂျောင်ဂု။

"ဒီနေ့ကျောင်းမသွားတော့ဘူး
အိမ်မှာပဲနားလိုက်တော့နော်....
မနက်ဖြန်စာမေးပွဲစဖြေရမှာဆိုတော့
နားပြီးစာကျက်နော်"

"ဂျောင်ဂု ဘာသာစုံ ၈၀ကျော်ရမှာလား
ရမှတ်က"

"အော်.... အခုမရလည်းဖြစ်ပါတယ်
အဓိက ကတော့ English 
ရမှတ်ပဲ "

"အဲ့ဒါဆိုရင် Seoul university ကို
ကောင်းကောင်းဝင်နိုင်ပြီပေါ့နော်"

"ထယ်ရယ် အဲ့တက္ကသိုလ်ကို
အရမ်းမျှော်မှန်းထားတာပဲ
ဒါကလည်းအိပ်မက်ကြီးတစ်ခုပဲလား"

ဂျောင်ဂုကရယ်လျှက်မေးလာတော့မှ
ထယ်ယောင်းပြန်စဉ်းစားမိတယ် .....
ငါ့မှာအိပ်မက်တွေအများကြီးပါလား....

"ဟုတ်တယ် ....
ဖွားဖွားကပြောတယ်
အိပ်မက်လေးလှပအောင်
အကောင်အထည်ဖော်ဖို့က
ကိုယ့်တာဝန်တဲ့"

"Seoul university ထက်ကောင်းတဲ့
international university ကိုရောတက်ချင်လား...."

"အဲ့ဒါက တစ်ခါမှမတွေးဘူးတော့
မတက်ချင်ပါဘူး"

နှစ်ယောက်စကားပြောနေတုန်းမှာပဲ
ဂျောင်ဂုတိုက်ခန်းရဲ့ တံခါးဘဲလ်သံ
ကြားလိုက်တော့ သွားဖွင့်တဲ့သူ....

"ဟာ ......
ဂျီမင်းကျောင်းမသွားဘူးလား"

"ကျောင်းရောက်မှပြန်လာတာ
မင်းတို့ကမှမလာတာ ငါရော
ဂျီဟွန်းရောလစ်လာတာ
ဂျီဟွန်းကသူ့အိမ်ပြန်သွားပြီ....
ထယ်ထယ်ဖျားနေပြီလား"

My Love Is Only One For You √Completed √   Where stories live. Discover now