ep ~3~

10.7K 975 62
                                    

#Unicode
ကျွန်တော်လည်းထင်မှတ်မထားတဲ့အခြေအနေကြောင့်ဘာလုပ်ရမှန်းမသိဖြစ်နေချိန်သူကတော့ထီးဆောင်းပြီးကားပါကင်မှသွားရန်ပြင်နေပြီမတက်နိုင်ဘူးပြောကြည့်ရမှာပဲ ဟူး...

‟ဟိုဒီမှာခင်ဗျာ့ ကျွ်တော်ကျောင်းခန်းထဲထိလိုက်ချင်လို့ပါထီးကပါမလာလို့ကျောင်းကလည်းတက်တော့မယ်ဆိုတော့ကျွန်တော်လိုက်ခဲ့လို့ရမလားဟင်”

ဂျောင်ဂုကားပါကင်ထိုးနေတုန်းနောက်ကြည့်မှန်ကနေမြင်လိုက်ရတဲ့ကောင်လေး.....ကျောပိုးအိတ်ကြိုးကိုလက်နှစ်ဖက်ကကိုင်ထားပြီးကားကိုသာစိုက်ကြည့်နေတာ...အခုလည်းကျွန်တော့်အနားကိုအပြေးရောက်လာပြီးပြောနေပြန်တယ်....ပြူးကြောင်ကြောင်လေးကြည့်နေသောကောင်လေးကိုဘာမှမပြောဘဲဆက်သွားလိုက်တယ်သွားရင်းပြောလိုက်သည်က‟လာခဲ့”.......

ထယ်ယောင်းမထင်မှတ်ထားတာကြောင့်ကြောင်သွားပြန်တယ်ဘာမှမပြောလို့ရပ်ကြည့်နေတုန်းခြေလှမ်းသုံးလှမ်းလောက်လှမ်းပြီးမှနောက်ပြန်မကြည့်ဘဲပြောသောစကားနှစ်ခွန်းကကျွန်တော့အတွက်တော့ထီပေါက်သလိုပင်သူ့ထီးအောက်အပြေးဝင်လိုက်ပါတော့တယ်....

မိုးရေထဲမှာလမ်းလျှောက်နေရင်းမထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခု....လမ်းလျှောက်နေတုန်းမှာဂျောင်ဂုထီးမိုးပေးထားတဲ့လက်မောင်းကိုဆုပ်ကိုင်လာသောနူးညံ့တဲ့လက်တစ်စုံ...အဲ့ဒါအပြင်ရပ်သွားသောဘေးကကောင်လေးရဲ့ခြေလှမ်း...လှည့်ကြည့်လိုက်မိတဲ့အချိန်မျက်လုံးပါမှိတ်ထားသောကောင်လေး.......

‟မင်းဘာဖြစ်တာလည်း”

‟မြင်လိုက်လားခုနကလေ”

‟ဘာကိုမြင်ရမှာလည်း”

‟ခုနကလျှပ်စီးလက်တာလေ”

‟အဲ့ဒါဘာဖြစ်လည်းမိုးရွာရင်းလျှပ်စီးလက်တာထူးဆန်းနေလားမျက်လုံးလေးဘာလေးဖွင့်အုံးတကယ်ပဲကွာ”

‟မိုရွာရင်းလျှပ်စီးလက်တာမထူးဆန်းပေမယ့်လျှပ်စီးလက်ပြီးမိုးခြိမ်းတာတော့ထူးဆန်းတယ်လေ”

‟အော်..မင်းကမိုးခြိမ်းတာကြောက်တာကို”

‟အဟမ်း...ကျွန်တော်လားမကြောက်ပါဘူးဂျောင်ဂုရုက်တရက်ဆိုတော့လန့်သွားမှာစိုးလို့ပါ အဟမ်း”

My Love Is Only One For You √Completed √   Où les histoires vivent. Découvrez maintenant