ep ~22~ final

20.2K 955 91
                                    

#Unicode

ညဘက်အိမ်မှာပဲချက်စားဖို့ပြင်ရသည်။မနက်ခရီးသွားဖို့အဝတ်ထည့်နေသောထယ်ယောင်းကိုဘာမှမပြောချင်တော့ပေ။နှစ်ရက်သွားဖို့ခရီးကို
နှစ်လသွားမယ့်စတိုင်တွေထွင်နေလေလားမသိ။အင်္ကျီပေါင်းများစွာကိုထုတ်လိုက်ကြည့်လိုက်နှင့်အလုပ်ရှုပ်နေသည်။အလုပ်ထဲသွားစစ်ဆေးရမှာကိုမေ့နေတာလားသူ့ကိုခရီးလိုက်ပို့တယ်များထင်နေတာလား မနိုင်ဘူးဒါလေးကို။ဂျောင်ဂုမှာတစ်ဖက်ကထမင်းအိုးတည်ထားရင်းတစ်ဖက်မှာတော့ကြက်ဥကြော်ရ အသားပြားကြော်ရနဲ့အလုပ်ရှုပ်နေသည်။ထယ်ယောင်းကြိုက်တက်သောဝက်အူချောင်းအစပ်လေးပါကြော်ပေးထားလိုက်သည်။
ထမင်းကျက်သောအခါမှာတော့
ကင်မ်ချီထမင်းကြော်ရန်စရပါတော့သည်။ထမင်းကြော်ပြီးသောအခါ ပန်းကန်ပြားထဲထည့် ဟင်းပွဲတွေချပြီးတဲ့အထိရောက်မလာသေး။ဂျောင်ဂုသောက်ဖို့ကတော့ greentea တစ်ခွက်ဖောက်ထည့်ကာ ထယ်ယောင်းသောက်ဖို့ကတော့ရိုးရိုးရေလေးတစ်ခွက်ချပေးထားလိုက်သည်။စားဖို့အသင့်ဖြစ်လို့သွားခေါ်ဖို့အခန်းရှေ့ရောက်တော့သူ့မားမားနဲ့ဖုန်းပြောနေတာကြောင့်ပြန်လှည့်လာလိုက်သည်။ဂျောင်ဂုစောင့်နေရင်း ချက်ပြီးသားအိုးများဆေးနေတုန်းအနားရောက်လာသည်။

"ထယ်ဆေးလိုက်ပါမယ် ချက်တာမသိလိုက်ဘူးခေါ်ခိုင်းတာမဟုတ်ဘဲနဲ့"

"ရတယ်သွားစားတော့"

"တူတူစားမယ်လေ...ဟက်ချိုး..."

"ရေကိုအခုမှချိုးရလား မနက်ကလဲနှင်းတောထဲကော်ဖီသွားဝယ်နေသေး
အရမ်းတွေပြောရဆိုရခက်နေတာ"

"ရေက ရေနွေးနွေးလေးနဲ့ချိုးတာပါ"

"နွေးနွေးချိုးချိုး အေးအေးပဲချိုးချိုး
ရေကရေပဲ စားပြီးဆေးသောက်ရမယ်"

"အခုကျွန်တော့်ကိုစိတ်ဆိုးပြေပြီလား"

"ဘယ်..ဘယ်တုန်းကငါကစိတ်ဆိုးနေ
ဟား...အရမ်းရယ်ရတယ် မဆိုင်တာတွေ"

"ဒါဆို စိတ်ကောက်နေတာလား"

"သွား...ထမင်းမစားတော့နဲ့ သွားတော့"

"စားမှာပေါ့ အများကြီးချက်ထားပေးတာကို မစတော့ဘူး ဟီးဟီး"

My Love Is Only One For You √Completed √   Where stories live. Discover now