ep ~8~

8.8K 839 19
                                    

#Unicode
ထယ်ယောင်းတို့နှစ်ယောက်ကျောင်းဆောင်ဘက်လျှောက်လာရင်းဂျီမင်းကိုလှမ်းတွေ့လိုက်တယ်.....ညကပြန်မလာဖြစ်တဲ့အကြောင်းကို
ဖုန်းဆက်ပြီးပြောပြတာတောင်ရစ်နေသေးသောဂျီမင်းရယ်ပါ။

"ဂျောင်ဂု ထယ်တို့အကြောင်းကို ဂျီမင်းတို့မသိပါစေနဲ့နော်"

"ဘာလဲ...ထယ်ကလူသိမခံချင်ဘူးလား
ကိုယ်နဲ့တွဲရတာကိုရှက်တာလား !"

"မဟုတ်ပါဘူး....ထယ်ပြောတာအဲ့လိုသဘောမဟုတ်ပါဘူး
ခင်ဗျားလက်ကိုရဲရဲဆွဲပြီးခင်ဗျားခေါ်ဆောင်ရာကမ္ဘာမြေအဆုံးထိလိုက်ရဲတယ် ယုံ.."

"ထယ်အဲ့လိုရွေးချယ်လို့လုံးဝနောင်တမရစေရပါဘူးဆိုတာလည်းယုံ!
ဒါနဲ့ကွာဘာလို့မသိစေချင်ရတာလဲ"

"ဂျီမင်းတို့ကိုမျက်နှာပြရမှာရှက်လို့လေ
အရင်စပြီးချစ်သူရှိတာဆိုတော့
ရှက်တယ်ရယ်....."

"ထယ်ကကွာ ချစ်စရာကောင်းလိုက်တာ
ဟားဟား.....
ဒါများစိတ်ချမသိစေရဘူး"

ဂျောင်ဂုပြောတာကိုခေါင်းတဆက်ဆက်ညိမ့်ပြသောထယ်ယောင်းရယ်ပါ.....
သူထင်သလိုပဲဂျောင်ဂုက.....
နားလည်ပေးတယ်ဆိုပြီးပျော်နေတဲ့သူ....

"လာပြီလားထယ်ထယ်
ဂျောင်ဂုဒီနေ့ညနေ basketball ပြိုင်ပွဲရှိတယ်နော်ငါတို့အားပေးနေမယ်
နိုင်အောင်ကစားနော်"

"ကျေးဇူး...ဂျီမင်း"

"ငါလည်းမသိရပါလား
ဂျောင်ဂုကထယ်ကိုကြမပြောဘူး"

"ကိုယ်ညကပြောမလို့မေ့သွားလို့"

"အဲ့ဒါဆိုဆုရအောင်ကစားနော် ဟီး"

"ဒါပေါ့ဆုကထယ်လေးအတွက်"

ဂျောင်ဂုကပြောလည်းပြော
ထယ်ပါးလေးတစ်ဖက်ကို
ရွှတ်ခနဲနေအောင်နမ်းလိုက်တော့
ရှက်သွားသောထယ်ယောင်းတစ်ယောက်
အော်ပါတော့တယ်......

"Yrr ဂျွန်ဂျောင်ဂု......
ခုနကပြောတော့တစ်မျိုးပါလား
ဒီလောက်ပြောထားတာကို"

"ချစ်လို့လေ ထယ်ရယ်
အာ....ပြောရင်းဆိုရင်းအသည်းယားလိုက်တာကွာ"

ဂျောင်ဂုနဲ့ထယ်ယောင်းကိုကြည့်ပြီး
မျက်လုံးပြူးကာပါးစပ်အဟောင်းသား
ဖြစ်နေပါသော ဂျီမင်းလေးနဲ့ဂျီဟွန်းလေး
ထယ်ယောင်းလည်းအရှက်ပြေမျက်နှာချို
သွေးကာရီပြလိုက်ရပါတော့တယ်....

My Love Is Only One For You √Completed √   حيث تعيش القصص. اكتشف الآن