ခွဲခွာခြင်းရဲ့တမ်းတခြင်း
အပိုင်း (7)
လဲပြိုသွားတဲ့နှလုံးသား
"နားထောင်စမ်း ရမက်သွေး နင့်ကိုအမြန်ဆုံး ပျို့သီရိနဲ့လက်ထပ်ပေးမယ် ငါသေတာမြင်ချင်တယ်ဆိုရင် အဲ့ဒီလိုရွံဖို့ကောင်းတဲ့အလုပ်တွေကိုဆက်လုပ်လိုက် ငါ့ကိုအမေတယောက်လို့တွေးသေးတယ်ဆိုရင် အဲ့ကောင်လေးနဲ့အမြန်ဆုံးလမ်းခွဲ သွား ငါ့မျက်စိရှေ့ကထွက်သွား"
"အမေ ကျွန်တော်ပြောတာကိုလဲ နဲနဲလောက်နားထောင်ပေးဦးလေ "အမေကတော့မျက်နှာလွဲထားတယ် မျက်ရည်တွေကလဲအဆက်မပြတ်ကျဆင်းနေပြီး အရမ်းကိုနာကျင်နေပုံပေါက်နေတယ်
ဘေးနားက အဖွားနဲ့ဦးလေးကလဲ ကျွန်တော်ကိုအပြစ်တင်ပြီးပြောဆိုနေကြတာ တော်ကလောကနိယာမကိုဖောက်ဖျက်တဲ့အကျင့်မကောင်းတဲ့ကောင်ကိုဖြစ်လို့
ဒါပေမဲ့ ကျွန်တ်ောနားမဝင်ဘူး အမေကိုပဲကြည့်ရင်း ပြောချင်ရာပြောချပစ်တယ်
"သူကို့ပဲသဘောကျတာ မိန်းမယောကျာ်းရယ်လို့မဟုတ်ဘူး သူ့ကိုဒီအတိုင်းချစ်မိသွားတာ ကျွန်တော့်ဘဝမှာသူမရှိရင် မဖြစ်ဘူး ပြန်စဉ်းစားပါဦး အမေလဲသူ့ကိုသဘောကျတာပဲဟာ"
"ငါသူ့ကိုချစ်တယ်ဆိုတာ သားတယောက်အနေနဲ့ ဆွေမျိုးတယောက်အနေနဲ့ ချစ်တာ သမက်တယောက်အနေနဲ့မဟုတ်ဘူး "
"အမေ ကျွန်တော် တောင်းပန်ပါတယ် ခွင့်ပြုပေးလို့ကျွန်တော်မပြောပါဘူး စောင့်ပဲစောင့်ကြည့်ပေးပါ ကျွန်တော်တို့အချစ်တွေကိုကြာလာရင်အမေမြင်လာမှာပါ "
"မရဘူး ငါ့သားက အပြင်မှာ ဂေးချင်တိုင်းဂေးနေတာကိုငါကလွတ်ထားရမှာလား အဆိပ်ပင်ကိုရေလောင်းတဲ့ထဲမှာငါမပါဘူး နင်ငါ့ကိုလာဖြောင်းဖြမနေနဲ့ ငါပြောတဲ့အတိုင်းလုပ် ဒါငါ့အမိန့်ပဲ""လာပြန်ပြီဒီအမိန့်ပဲ အဲ့ဒီအမိန့်တွေကိုကျွန်တော်ဘယ်အချိန်အထိနာခံနေရဦးမှာလဲ ငယ်ငယ်ထဲကအမေ့ရဲ့အမိန့်တွေအောက်မှာကြီးပြင်းလာရတာ တော်လောက်ပြီ ကျေးဇူးပြုပြီးကျွန်တော့်ကိုဒီတခုတော့လုပ်ခွင့်ပေးပါ ကျန်တဲ့တသက်လုံးအမေသေဆိုသေရှင်ဆိုရှင်ပါ့မယ်ဗျာတကယ်ပါ အမေရယ် "
YOU ARE READING
(Complete)ခွဲခွာခြင်းရဲ့တမ်းတခြင်း ,bl.( real life stoty)Zgi Version
Romanceခွဲခွာခြင်းရဲ့တမ်းတခြင်း intro သူတို့လူငယ်ဘဝကအရမ်းကြည်နူးဖို့ကောင်းပြီးလူငယ်ဆန်ခဲ့တယ် ဒါပေမဲ့ အရာရာဟာ ကြိုတင်တွေးသလိုဖြစ်မလာဘူး ဘယ်သူထင်မလဲ သူတို့ငါးနှစ်လောက်ဝေးကွာသွားခဲ့တယ် သူတို့ပြန်ဆုံတွေ့ကြတော့ ချစ်စိတ်တွေကပြန်ထကြွလာကြတော့တယ် အဲ့ဒီလို သူတို့လ...