21

176 9 2
                                    

ခွဲခွာခြင်းရဲ့တမ်းတခြင်း

အပိုင်း(21)ချစ်လျှက်နဲ့

"ပျို့သီရိ !! ထစမ်း"

ဒေါသသံနဲ့အော်တော့ အထိတ်တလန့်နိုးလာလေတဲ့သူမ

ဘာလဲ ဒါကမင်းရဲ့ကြာပန်းဖြူလိုစတိုင်လေးလား

ဘာမှမသိတဲ့ပုံလေးနဲ့ ငါကတော့ကမ္ဘာပျက်နေပြီကွ

"ဟင် ဘာလဲဘာလဲ လန့်လိုက်တာသွေးရယ် ဘာဖြစ်လို့လဲဟင် "

ရမက်သွေးရင်ထဲဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတယ် သူရင်‌တုန်နေမိတာလဲမပြေသေး တစုံတယောက်ကိုသစ္စာဖောက်မိပြီဆိုတဲ့အသိက ခြောက်ခြားဖို့ကောင်းလွန်းတယ်

"မင်း ဒီထဲကိုဘယ်လိုလုပ်"
"အော် မနေ့က သွေးအိမ်ကိုအရက်တွေမူးပြီးပြန်ရောက်လာတယ်လေ အဲ့ဒါကြောင့်အခန်းထဲလိုက်ပို့ပေးပြီးပြန်ထွက်မလို့လုပ်တော့ ရုတ်တရက်ကြီးသွေးကဆွဲပြီး နမ်းတယ် ပြီးတော့ အင်္ကျီတွေကိုလဲစုတ်ဖြဲလိုက်တယ် ပြီးတော့ ......"

ရှက်သွေးလေးများနဲ့ရဲစိုစွာရှက်ရွံနေလေတဲ့ ပျို့သီရိကိုကြည့်ပြီ သူ့ရဲ့ထိန်းထားတဲ့သိက္ခာတွေပျက်ဆီးသွားပြီလားဆိုတာ အတည်ချင်ပေမဲ့ ဟန်ဆောင်နေသော လူလိမ်မကြောင့် ဘာစကားမှဆက်မပြောချင်တော့ပဲ သူစိတ်ဓာတ်တွေပါဇောက်ထိုးကျသွားတော့တယ်

"အဲ့ဒီတော့ မင်းနဲ့ဖြစ်ခဲ့လား "
"အင်း"
"မင်းကျေနပ်ခဲ့လား"
"အင်း"

ကျွန်တော်အံကြိတ်မိလိုက်ပြီ ဒီမိန်းမဘယ်အထိလိမ်နေဦးမှာတဲ့လဲ

မင်းလိမ်ညာတဲ့အခါ မင်းရဲ့လက်တွေဂနာမငြိမ်ဖြစ်နေတာကိုမမြင်ရလောက်အောင်ငါမတုံးဘူး

မင်းရဲ့အရှက်မဲ့တဲ့တဏှာကြောမှာငါမမျောခဲ့ဘူးလို့ ငါ့ကိုငါယုံတယ်

မင်းရဲ့ရှက်ရွံ့သလိုဟန်ဆောင်မူ့နောက်ကွယ်က အရှက်မဲ့မူ့တွေကိုငါမမြင်ဘူးထင်လို့လား

"ထွက်သွား!!"

စိတ်ရှိလက်ရှိအော်ဟစ်ပစ်လိုက်တယ် ကျွန်တော်ဒီမိန်းမကိုလည်ပင်းညစ်သတ်ပစ်ချင်နေပြီမို့ ဝေးဝေးကိုသွားခိုင်းခြင်း

(Complete)ခွဲခွာခြင်းရဲ့တမ်းတခြင်း ,bl.( real life stoty)Zgi VersionDove le storie prendono vita. Scoprilo ora