ခွဲခွာခြင်းရဲ့တမ်းတခြင်း
အပိုင်း(25) မင်းနဲ့ရှေ့ဆက်ဖို့
ကသစ် အသိစိတ်တွေလွတ်ထွက်ကုန်ပြီး သူတခါမှမပြောဖူးခဲ့တဲ့ ရင်ထဲကစကားတွေအကုန်လုံးကိုလဲ သူပြောလိုက်မိပြီ
မျက်ရည်စီးကြောင်းတွေနဲ့တောင် မိမိုက်နေသေးတဲ့ကို့ဆီကို သနားခံတဲ့အကြည့်တို့ပစ်လွင့်ရင်းနဲ့ ခပ်တင်းတင်းဖက်ထားချင်တဲ့စိတ်တွေသာ ပိုလို့တိုးလာရတော့တယ်
"ငါ့မှာ နှလုံးရောဂါရှိတယ် "
"အင်း သိတယ် ဒါကလျို့ဝှက်ချက်မဟုတ်ပါဘူး ကို့အဖွားနဲ့ မောင့်အဖွားတို့က ကမ္ဘာ့ရန်ဘက်တွေပဲလေ ဒါပေမဲ့ အဲ့ဒါလေးလောက်နဲ့တော့ ကိုနဲ့လမ်းခွဲပေးဖို့မဖြစ်နိုင်ဘူး"ဆွံ့အသွားတဲ့ကို့က အရမ်းကိုအပြစ်ကင်းနေတဲ့ပုံလေးပဲ
ဆွယ်တာနီနီလေးနဲ့ လက်တဝက်ပင့်တင်ထားလို့သွေးကြောလေးတွေရစ်သိုင်းနေတဲ့လက်ဖျံလေးတွေကို ကိုက်ချင်စိတ်တွေတဖွားဖွားနဲ့
အနဲငယ်ပိန်သွားပေမဲ့ တောင့်တင်းနေဆဲဖြစ်မှာသေချာတဲ့ရင်အုပ်ဖွေးဖွေးဘေးလေးတွေကိုလဲထိတွေ့ကိုင်တွယ်ချင်မိတယ်
တင်သားလုံးလုံးလေးတွေကိုလဲသူအရမ်းလွမ်းနေပြီ နောက်ပြီး ချယ်ရီရောင် အဝလေး
ဂလု ......
"ကို"
"ဟင် မောင်တို့ချစ်ရအောင်လေ ဟင်"
"ကသစ်ပင် မင်းငါပြောတာတွေကိုမကြားဘူးလား ငါပြောနေတာက အ မင်း မင်း အွန့် ဟင့်အင်း"ဘာတွေစကားများနေတာလဲကိုရယ်
နှလုံးသားချင်းနီးနေပြီဆိုရင် ဘာစကားမှမလိုတော့ပါဘူး
ဒီနေ့ မောင် ကို့ကိုဘယ်လောက်ထိချစ်တယ် ဘယ်လောက်စွဲလန်းနေတယ်ဆိုတာကို အနမ်းတွေနဲ့ပြောပြမယ် အချစ်တွေနဲ့ပြောပြမယ်
ကျေးဇူးပြုပြီးတော့ မောင့်ရင်ကွဲမဲ့စကားတွေမပြောပါနဲ့တော့ကွာ
စိတ်ဆိုးတာတွေပြေပါတော့
စိတ်ကောက်တာတွေလဲပြေပါတော့
စိတ်နာတာတွေလဲပြေပါတော့
မောင်လဲဒီထက်ပိုပြီးမချော့တတ်တော့ပါဘူးကိုရယ်
YOU ARE READING
(Complete)ခွဲခွာခြင်းရဲ့တမ်းတခြင်း ,bl.( real life stoty)Zgi Version
Romanceခွဲခွာခြင်းရဲ့တမ်းတခြင်း intro သူတို့လူငယ်ဘဝကအရမ်းကြည်နူးဖို့ကောင်းပြီးလူငယ်ဆန်ခဲ့တယ် ဒါပေမဲ့ အရာရာဟာ ကြိုတင်တွေးသလိုဖြစ်မလာဘူး ဘယ်သူထင်မလဲ သူတို့ငါးနှစ်လောက်ဝေးကွာသွားခဲ့တယ် သူတို့ပြန်ဆုံတွေ့ကြတော့ ချစ်စိတ်တွေကပြန်ထကြွလာကြတော့တယ် အဲ့ဒီလို သူတို့လ...