23.

124 9 1
                                    

ခွဲခွာခြင်းရဲ့တမ်းတခြင်း

အပိုင်း(23)ရင်နာစရာလမ်းခွဲမဟုတ်ခဲ့ပါ သို့သော်

ကသစ် သူ့ရှေ့မှ ကို့ကိုသေချာကြည့်မိနေတယ် အခုလိုရက်ရက်စက်စက်စကားပြောတဲ့သူဟာ သူ့ရဲ့ကိုမှဟုတ်ပါ့မလားလို့

ကြည်လင်စွာပြုံးနေတတ်တဲ့ ကိုဟာ အခုတော့ သူ့ကိုလမ်းခွဲစကားပြောလာခဲ့ပြီတဲ့

အမြဲတည်ငြိမ်ပြီး ဆိုခဲစေမြဲစေ ကတိတလုံးကိုတန်ဖိုးထားတတ်တဲ့ကိုက သူ့အချစ်ကြိုးကနေရုန်းထွက်ချင်ခဲ့ပြီတဲ့

သူ့ကိုအမြဲလိုက်လျောပြီး ထားစရာနေရာမရှိအောင်ချစ်တတ်တဲ့ကိုက သူ့ကိုထားရစ်ချင်ပြီတဲ့

ပုဆိုးနက်ပြာရောင် ရှပ်အပြာရောင်ဝတ်ဆင်ထားတဲ့ကို အရင်ထက်ချပ်ရရပ်နေတာကို သူသတိထားမိတာလဲကြာပြီ

အရင်လိုတောင့်တင်းတဲ့ရင်အုပ်ကြွက်သားအနဲငယ်ဟာလဲပျောက်ခြင်းမလှပျောက်ဆုံးနေတာကိုလဲသူသိနေတယ်

ဘာတွေကများ ကို့ကိုဖိအားပေးခဲ့တာပါလိမ့်

ခက်ခက်ခဲခဲပြန်ဆုံနိုင်အောင် ကြိုးစားခဲ့ရပြီးမှ ဒီတခေါက်အဆုံးသတ်ဟာလဲ အရင်တခါလိုပဲ သူထပ်နာကျင်ရဦးမှာလား

"ကို မင်းတကယ်ပြောနေတာလား ဘာကြောင့်လဲ"
"‌လမ်းခွဲဖို့အချိန်ရောက်လာပြီလေ အရာအားလုံးကိုစွန့်လွှတ်လိုက်ချင်ပြီ
ကိုင်ထားတဲ့လက်တွေမခိုင်မှတော့ ဒီမေတ္တာကြိုးဟာဘယ်ခိုင်ပါ့မလဲ မင်းရောငါရောလွတ်ချလိုက်သင့်ပြီ ငါတို့အချစ်ရေးဟာ အစထဲအဆိပ်သင့်နေပြီးသားပါမောင်"
"မဖြစ်နိုင်လိုက်တာ ငါမင်းကို ကောင်းကောင်းမဆက်ဆံလို့လား ငါမင်းကို မချစ်ခဲ့လို့လား ဘာလို့လဲ..."

ဘာလို့ငါ့အပေါ်ဒိလိုလုပ်ရက်ရတာလဲ

ကသစ် သူ့ရှေ့ကမြင်ကွင်းကိုခပ်ဝါးဝါးသာမြင်တော့တဲ့အထိ မျက်ဝန်းတွေထဲမျက်ရည်တွေပြည့်လျှံလာခဲ့ပေမဲ့ သူမငိုနိုင်ခဲ့

သူချစ်ရတဲ့သူနဲ့နီးစပ်နိုင်ဖို့ ချောမွေ့အောင် လမ်းတွေကိုသူခင်းခဲ့ပေမဲ့လဲ အခုတော့ဘာမှအသုံးမဝင်နိုင်ခဲ့ပြီ

(Complete)ခွဲခွာခြင်းရဲ့တမ်းတခြင်း ,bl.( real life stoty)Zgi VersionDonde viven las historias. Descúbrelo ahora