ခွဲခွာခြင်းရဲ့တမ်းတခြင်း
အပိုင်း(29) အပြုံးနဲ့လမ်းခွဲခဲ့ကြတယ်
ဒီညတာကရှည်လျားလွန်းတယ်
ခွဲရမှာမို့တယောက်နဲ့တယောက်တင်းကျပ်စွာဖက်ထားရင်း စကားမပြောဖြစ်ကြဘူးဒီလိုတန်ဖိုးရှိတဲ့အချိန်လေးတွေကုန်ဆုံးသွားမှာကိုနှမြောမိလို့
ကိုကတော့ ခပ်လေးလေးသက်ပြင်းတွေကိုခနခနချတယ်
ကိုရင်မောနေတာများလား
အတန်ကြာတိတ်ဆိတ်ငြိမ်သက်နေပြီးမှ ကိုကငေါက်ခနဲထထိုင်တယ်
"မောင် ကိုပြောမှာကိုသေချာနားထောင်နော် "
"အင်း ပြောလေ"
"ကိုတို့ မနက်ဖြန်တွေ့ပြီးရင် နောက်ထပ်မတွေ့တော့ဘူး"သူ့ရင်ထိတ်ခနဲဖြစ်သွားတယ် ကို့ကိုဆတ်ခနဲကြည့်လိုက်ရင်း
"ဘာ!! ကိုမင်း အခုထိငါ့ကိုစွန့်ပစ်ချင်နေတုန်းလား"
"မဟုတ်ဘူး ကိုပြောတာသေချာနားထောင်ဦး "
"ဘာလဲ"သူနားမထောင်ချင်တော့ပေမဲ့ ကိုစိတ်ဆိုးမှာစိုးလို့ ဆက်မပြောရဲ
သူကတော့ ကိုနဲ့ခွဲရမဲ့ကိစ္စဆိုစိတ်ကိုမပါတာ"ကိုပြောမယ် ကို့ကိုကြည့်ဦး ကို မောင့်ရဲ့အငယ်အနှောင်းလို့အပြောမခံနိုင်ဘူး ပြီးတော့ ဒီလိုကြီးဆက်တွေ့နေတာလဲမကောင်းဘူး အိမ်ထောင်ရှိတဲ့သူနဲ့ဖောက်ပြားမိနေထဲက ကိုနဲ့မောင် ငရဲကြီးနေပြီ အဲ့တာကြောင့်
ကိုတခုစဉ်းစားမိတယ် ကိုတို့လဲအပြစ်လွတ်အောင် မောင်နဲ့တသက်လုံးနေနိုင်အောင်လို့ အကြံတခုရှိတယ်"
"အမ်း"အားတက်သရောလေးပြောပြနေတဲ့ကို့ပုံက အနဲငယ်တောက်ပနေတာမို့သူမတားရက်
ဘယ်လိုအကြံဆိုးလေးတွေထွက်လာမလဲဆိုတာကိုစောင့်ကြည့်လိုက်ဦးမယ်
ပေါက်ကရပြောလို့ကတော့ ဒီတနေ့ပါအိမ်မပြန်ခိုင်းလိုက်ပဲနေပစ်မှာ
"ကိုနဲ့မောင် ခနခွဲပြီးနေမယ်လေ ဘာအဆက်အသွယ်မှမလုပ်ကြဘူး အကင်းရှင်းဆုံးနေကြမယ် ပြီးတော့ မိသားစုထဲပဲ အာရုံစိုက်ထားကြမယ်လေ အဓိကကတော့သားလေးတွေအတွက်ပေါ့ ဆယ်နှစ်အတွင်းမှာလုပ်စရာရှိတာတွေကိုပြီးအောင်လုပ်ပြီး ဒီအိမ်လေးမှာလာနေကြမယ် အရင်ပြီးတဲ့သူကအရင်လာစောင့်ပေါ့ အဲ့ဒီအခါကြရင်တော့ အကုန်ဖြတ်ချစရာရှိတာဖြတ်ချခဲ့ ဘယ်လိုလဲ"
ESTÁS LEYENDO
(Complete)ခွဲခွာခြင်းရဲ့တမ်းတခြင်း ,bl.( real life stoty)Zgi Version
Romanceခွဲခွာခြင်းရဲ့တမ်းတခြင်း intro သူတို့လူငယ်ဘဝကအရမ်းကြည်နူးဖို့ကောင်းပြီးလူငယ်ဆန်ခဲ့တယ် ဒါပေမဲ့ အရာရာဟာ ကြိုတင်တွေးသလိုဖြစ်မလာဘူး ဘယ်သူထင်မလဲ သူတို့ငါးနှစ်လောက်ဝေးကွာသွားခဲ့တယ် သူတို့ပြန်ဆုံတွေ့ကြတော့ ချစ်စိတ်တွေကပြန်ထကြွလာကြတော့တယ် အဲ့ဒီလို သူတို့လ...