11.

180 9 2
                                    

ခွဲခွာခြင်းရဲ့တမ်းတခြင်း

အပိုင်း (11) သူနဲ့ကျွန်တော့်ကြား

သားလေးရဲ့တောင်းဆိုမူ့ကြောင့် ဒီတပတ်တော့ အိမ်ပြန်လာဖြစ်တယ် အမေရဲ့သတိပေးတဲ့အကြည့်တွေကို လျစ်လျူရှူ့လိုက်ရင်း အခန်းထဲကိုဝင်လိုက်ပြီး သားလေးကိုပွေ့ဖက်ကာ နမ်းလိုက်ပါတယ်

အိမ်မှာနေတုန်း အမေနဲ့နဲနဲ ကတောက်ကဆဖြစ်တယ် ပျို့သီရိနဲ့ နဲနဲစကားများတယ်

ဒါပေမဲ့ သားလေးမျက်နှာကိုကြည့်ပြီးအဆင်ပြေခဲ့ပါတယ်

ဒိလိုနဲ့နှစ်ရက်တာကုန်ဆုံးသွားပြီး သားလေးကိုနှုတ်ဆက်ကာ ရွာကိုပြန်ဆင်းလာခဲ့တယ်

ကျွန်တော်မှားနေတာကိုသိတယ်
ဒါပေမဲ့လဲဆက်မှားချင်နေတုန်းပါပဲ
သူရင်ခွင်ထဲခိုဝင်လိုက်ရုံနဲ့ အရာအားလုံးမေ့ပျောက်သွားတာ အခက်သားလားဗျ

ကျွန်တော်တို့က လူသိရှင်ကြားဆက်ဆံရေးမဟုတ်တော့ လူမြင်ကွင်းတွေ‌ရှောင်ရပါတယ် တယောက်နဲ့တယောက်တွေ့ပြီဆိုရင်လဲ အတူတူမသွားကြဘူးလေ တ‌ယောက်ကကြိုရောက်ပြိး အခန်း‌တွေဘာတွေယူထားပြီးမှ နောက်တယောက်ရောက်လာတာမျိုးပါ

လူတွေကတော့ ယောကျာ်လေးနှစ်ယောက်က ဘယ်လိုချစ်နိုင်ပါ့မလဲလို့ထင်ကြပါလိမ့်မယ်

ဒါပေမဲ့ ကျွန်တော်တို့ ချစ်တာလား အလိုရမက်လား ကစားချင်တာလား ဆိုတာ ကွဲကွဲပြားပြားသိကြပါတယ်

အလိုရမက်သာဆိုရင် နောက်တယောက်ကိုပြောင်းလိုက်ရုံပဲလေ ဘာမှမခက်ဘူး

ကစားချင်တာဆိုရင်လဲ ထည်လဲတွဲကာ သာယာနေလို့ရပါတယ်

အချစ်ဆိုတဲ့ခေါင်းစဉ်အောက်ရောက်နေလို့ နှလုံးသားက မက်မက်မောမောချစ်နေကြလို့ လိုအပ်လို့ ‌သူမှမဟုတ်ရင် နောက်တယောက်ဆိုတာမဖြစ်နိုင်လို့ အခုလိုအဖြစ်အပျက်တွေကြားထဲကရုန်းမထွက်နိုင်တာပါ

"မောင် တပတ်ကိုနှစ်ရက်လောက်တော့လာပါလား"

ချစ်သူ့မျက်နှာကိုငေးရင်း တောင်းဆိုမိပါတယ် ဝေ့ခနဲကြည့်လိုက်တဲ့အကြည့်ထဲမှာ ငြင်းဆန်မူ့ကကပ်ပါ‌လေတော့

(Complete)ခွဲခွာခြင်းရဲ့တမ်းတခြင်း ,bl.( real life stoty)Zgi VersionOù les histoires vivent. Découvrez maintenant