ခွဲခွာခြင်းရဲ့တမ်းတခြင်း
အပိုင်း(20)ပြသနာတက်ပြီ🔞🔞🔞
ဘယ်လောက်ပဲချစ်တယ်ခွင့်လွတ်ပေးတယ်ပြောပြော တကယ်တမ်းချစ်သူရဲ့ရက်စက်မူ့ကိုကိုယ်တိုင်ကြုံရတဲ့အခါ နှလုံးသားကမွန်းကျပ်ပြီးတကယ်နာကျင်ပါတယ်
အဲ့နေ့ကကျွန်တော်အိမ်ကိုပြန်တုန်းလမ်းမှာသူနဲ့တွေ့ခဲ့တယ်
ကားထဲကအမှတ်တမဲ့လှမ်းကြည့်လိုက်မိလို့တွေ့သွားတာပါသူရယ် သူ့သားလေးရယ် သူ့ဇနီးနဲ့ စကားတွေပြောပြီးပြုံးရယ်နေတာကိုမြင်ခဲ့မိတာ
သူလဲဒီဖက်လှည့်လာတော့ ကျွန်တော့ကိုမြင်သွားခဲ့ပေမဲ့ မျက်နှာတချက်မပျက် ဟိုဖက်ပြန်လှည့်သွားပြီး ပြန်လည်ရယ်မောနေလိုက်တာများ ကျွန်တော့်နှလုံးသားကိုချနင်းခံလိုက်ရသလိုပဲ ကျွန်တော့်အသည်းတွေလဲ စိစိညက်ညက်ကြေလို့
မြင်တတ်တဲ့မျက်လုံးကို ဓားသာရှိရင်ထိုးဖောက်ပစ်လိုက်ချင်တယ်
အဲ့ဒီခနလေးမှာ ကျွန်တော်ဟာ အဲ့ဒီလိုမြင်ကွင်းမျိုးမြင်ရမဲ့အစား အကန်းသာဖြစ်လိုက်ချင်မိပါတယ်
တိုက်ဆိုင်တာပါ တကယ်တိုက်ဆိုင်တာ တမြို့ထဲနေပေမဲ့ ရက်ကွက်ချင်းတူပေမဲ့ သူနဲ့ကျွန်တ်ောက တမင်ချိန်းလို့တွေ့တာမှမဟုတ်ရင် တကယ်ဆုံဖို့မလွယ်ဘူး
ခုတော့ တကယ်ကိုဒီမြင်ကွင်းမျိုးနဲ့လွဲသွားချင်လိုက်တာ
နှလုံးသားကသတိပေးနေတဲ့ကြားက တဆစ်ဆစ်နဲ့ကိုက်ခဲသွားတယ်
မျက်ရည်တွေလား မြူဆိုင်းနေတာလားမသိတော့ မြင်ကွင်းတလျောက်ခနတာမှုန်ဝါးသွားခဲ့တယ်
ငါအော်ဟစ်လိုက်ချင်တယ်
ငါငိုကြွေးလိုက်ချင်တယ်
ငါကားပေါ်ကဆင်းပြီးမင်းကိုသွားဆွဲခေါ်လိုက်ချင်တယ်
ဒါပေမဲ့ ငါ မလုပ်ရဲပါဘူးကသစ်ရယ်
မင်းမုန်းသွားမှာစိုးလို့ မင်းထားခဲ့မှာစိုးလို့ မင်းမချစ်တော့မှာစိုးလို့
မဟုတ်သေးဘူး မင်းမုန်းသွားရင် ငါဆက်ပြီးအသက်မရှင်နိုင်တော့မှာစိုးလို့ပါ
BINABASA MO ANG
(Complete)ခွဲခွာခြင်းရဲ့တမ်းတခြင်း ,bl.( real life stoty)Zgi Version
Romanceခွဲခွာခြင်းရဲ့တမ်းတခြင်း intro သူတို့လူငယ်ဘဝကအရမ်းကြည်နူးဖို့ကောင်းပြီးလူငယ်ဆန်ခဲ့တယ် ဒါပေမဲ့ အရာရာဟာ ကြိုတင်တွေးသလိုဖြစ်မလာဘူး ဘယ်သူထင်မလဲ သူတို့ငါးနှစ်လောက်ဝေးကွာသွားခဲ့တယ် သူတို့ပြန်ဆုံတွေ့ကြတော့ ချစ်စိတ်တွေကပြန်ထကြွလာကြတော့တယ် အဲ့ဒီလို သူတို့လ...