12.

160 11 0
                                    

ခွဲခွာခြင်းရဲ့တမ်းတခြင်း

အပိုင်း(12) သွေးအေးတိုက်ပွဲ

အိပ်ယာထဲမှာလူးလိမ့်နေရင်း
သူ့အကြောင်းတွေးနေမိပါတယ်
အိပ်လို့လဲမပျော်ပဲ ရင်ထဲတခုခုခံနေသလိုနဲ့ ဘေးနားက အေးစက်နေတဲ့နေရာကိုကြည့်လိုက်ရင်း သူ့ဘေးနားမှာတစုံတယောက်ရှိနေတယ် သာယာတဲ့အချိန်တွေကိုဖြတ်သန်းနေကြတယ်လို့ မထင်မှတ်ပဲ‌သိလိုက်ရသလိုပါ

ကျွန်တော်ထထိုင်ပြီး မီးခြစ်ရှာကာ ဆေးလိပ်သောက်လိုက်တယ်
ဘာကများမှားစေခဲ့တာလဲ

သူနဲ့ပြန်မတွေ့ခဲ့ရင်ရော ညတိုင်းညတိုင်းမှာ ဒီလိုမျိုးအထီးကျန်ပြီး‌နာကျင်နေရပါ့မလားလို့ ‌တွေးလိုက်မိပါတယ်

"ဖူးးးးး"

ဆေးလိပ်ငွေ့တွေထဲမှာ ကျွန်တော့်ရဲ့သံသယနဲ့နာကျင်မူ့‌တွေအားလုံးပါသွားရင်ကောင်းမှာပဲ

ဖုန်းဆက်ပြီးပြောပြဖွင့်ဟချင်ပေမဲ့လဲ သူကအိမ်ရောက်တာနဲ့ blacklistထဲထည့်ထားတတ်တော့ ကိုင်မဲ့သူမရှိပဲ တတူတူနဲ့မအားသေးပါရှင်ဆိုတာပဲ နားထောင်နေရတယ်လေ တခါတလေ အဲ့ဒိမအားသေးပါရှင်လို့ပြောတဲ့အသံကိုပဲကျိတ်မှိတ်နားထောင်ကာ အလွမ်းဖြေရပါတယ်

သူက အိမ်ကြောက်တဲ့သူ
ကျွန်တော်နဲ့ပုံမှန်သူငယ်ချင်းတွေဖုန်းခေါ်ပြီးပြောဆိုတာမျိုးတောင် သူရှောင်တယ်

ဒါဆိုဘာလဲ ကျွန်တော်က ဆန္ဒပြေပြောက်ရုံသက်သက်ပဲလား

အတွေးပေါင်းစုံနဲ့အိပ်မရတဲ့ညတွေဆက်လာတော့ နှလုံးရောဂါကပြန်ထချင်လာပါတယ် ဒါပေမဲ့ပစ်ထားပလိုက်တယ် အခုချိန်မှာသေသွားခဲ့ရင်တောင် တယောက်မှသိမှာမဟုတ်သလို ဘယ်သူကမှလဲဝမ်းနည်းပေးကြမှာမဟုတ်ပါဘူး

ကျွန်တော်လောင်ကျွမ်းနေတဲ့စိတ်နဲ့ ပူလောင်နေတဲ့နှလုံးသားနဲ့ သူ့ဆီကဖုန်း‌ကောလေးတကောခေါ်လာဖို့အတွက် တပတ်လုံးမျော်လိုက်ရပါတယ် ဒါပေမဲ့ ‌ခေါ်လာတော့လဲ ဒီတပတ်အားလပ်ရက်မှာမလာဖြစ်ဘူး
သူ့ကလေးနေမကောင်းလို့တဲ့

ပျင်းစရာကောင်းတဲ့နေ့စဉ်ဘဝကိုဖြတ်သန်းရင်း တလလုံးလုံးစောင့်နေခဲ့ပါတယ်

(Complete)ခွဲခွာခြင်းရဲ့တမ်းတခြင်း ,bl.( real life stoty)Zgi VersionHikayelerin yaşadığı yer. Şimdi keşfedin