28.

150 10 1
                                    

ခွဲခွာခြင်းရဲ့တမ်းတခြင်း

အပိုင်း(28)အပြုံးနဲ့လမ်းခွဲကြမယ်(2)

မနက်ခင်းနေရောင်ခြည်ကသိပ်ကိုလှတယ် အထူးသဖြင့် ကို့ရဲ့မျက်နှာပေါ်ကျနေတယ်ဆိုရင်ပေါ့

ဖြူနုတဲ့အသားအရေဟာနေရောင်ခြာ်ကြောင့်လင်းလက်နေခဲ့တာ နှစ်ခြိုက်စွာအိပ်ပျော်နေပုံရတဲ့သူ့ရဲ့ကို

ဘယ်တော့ကြည့်ကြည့် ချစ်စိတ်တွေကရပ်မသွားဘူး

ကိုဟာ တကယ်ပဲမောင့်နှလုံးသားရဲ့အရှင်သခင်ပါ မောင့်နှလုံးသားက ကို့တယောက်ထဲကိုပဲ ခစားပြီးသခင်အဖြစ်သတ်မှတ်တယ်

ကို့ရဲ့လက်ဝဲဘက်ရင်အုံထဲမှာခုန်လှုပ်နေတဲ့ကို့နှလုံးသားလေးကိုသူပိုင်ဆိုင်ရတဲ့အတွက်လဲသူသိပ်ပျော်တယ်

ကိုဆိုတာ စတွေ့ထဲက သူရင်ခုန်ခဲ့ရတဲ့လူသားလေး

အဆမတန်ခုန်လှုပ်နေတဲ့ရင်အစုံနဲ့မကုန်ခမ်းနိုင်တဲ့ချစ်ခြင်းတရားကို အကြည့်တချက်နဲ့ဖန်ဆင်းမွေးဖွားပေးနိုင်သူ သူ့ရဲ့အချစ်နတ်ဘုရားလေးပါ

ကို့ရဲ့အကြည့်တွေကစူးရှတယ် သူစိတ်ဝင်စားစရာတွေ့ရင်ပိုလို့တောက်ပတတ်တယ်

သူနဲ့ပထမဆုံးဆုံခဲ့တုန်းကလဲသူ့ကိုအဲ့လိုအကြည့်စူးစူးတွေပေးခဲ့တယ်

ကို့အကြည့်‌တွေကြောင့်ပဲငြိမ်သက်နေခဲ့တဲ့ရင်ခုန်သံ‌တွေနိုးထလာခဲ့ပြီး ကို့ကိုချစ်မိသွားခဲ့တာ

အရပ်ရှည်ရှည်နဲ့တည်တံတဲ့ကိုက ဘယ်သူ့ကိုမှမကြည့်တတ်တာကိုလဲသူသိတယ် သူ့ကိုသာငေးနေပြီး ကို့အမြင်ထဲမှာရှိနေရတဲ့အတွက်သူရင်တွေဖိုပြီး စိတ်ငြိမ်အောင်မနဲလုပ်ခဲ့ရပြီး အလုပ်တွေတောင် အယောင်ယောင်အမှားမှား

သူကိုယ်တိုင်က ယောကျာ်းလေးတွေကိုမပြောနဲ့ မိန်းကလေးကိုတောင်စိတ်မဝင်စားဘူး ကို့ကိုတွေ့မှပဲ ဘာကြောင့်မိန်းကလေးတွေကိုစိတ်မဝင်စားရသလဲဆိုတာသိခဲ့ရတယ်

ကိုဟာ  ပထမဆုံး သူ့ရဲ့အချစ်ဦး ပထမဆုံးအနမ်းနဲ့အထိအတွေ့ကိုပေးခဲ့သူ ကို့ကိုနမ်းရဖို့အရေး နေ့ရက်ပေါင်းများစွာအိမ်မက်မက်ခဲ့ရပြိး ပါးစပ်ကလဲထုတ်မပြောရဲလို့ ချစ်သူတွေဖြစ်ပြီးအတော်ကြာတဲ့အထိမတောင်းဆိုရဲခဲ့

(Complete)ခွဲခွာခြင်းရဲ့တမ်းတခြင်း ,bl.( real life stoty)Zgi VersionWhere stories live. Discover now