ခွဲခွာခြင်းရဲ့တမ်းတခြင်း
အပိုင်း(17) လမ်းစ
' ။။။။။။မောင်ရဲ့ရင်ထဲက။။။။။
မောင်ရဲ့ရင်ထဲကအချစ်တွေဟာ
တို့အတွက်မီးတစဖြစ်ခဲ့ရင်တောင်
ဘယ်လောက်ပဲလောင်ကျွမ်းပါစေ
မြတ်နိုးစွာထွေးပွေ့ထားမှာပါတို့အချစ်တွေကတော့
မောင့်အတွက်နူးညံ့နေတဲ့
ကောဇောလေးဖြစ်ချင်ပါတယ်တို့အချစ်တွေကိုနင်းချပြီး
တခနတာကျေနပ်မူ့ရခဲ့တယ်ဆိုရင်
ဘယ်လောက်ပဲနာကျင်နေဦး
တို့အမြဲပြုံးပြနိုင်ပါတယ်မောင်ရဲ့ရင်ထဲနေရာတခုရဖို့
တို့မကြိုးစားတော့ပါဘူး
အချစ်ဆိုတာနီးနီးဝေးဝေး
အမြဲဖြစ်တည်နေတတ်တဲ့အရာမို့လေ။။။။။။။။။။။။။။။။။လွမ်းတေးသီ။။။
'မင်းလုပ်ရက်လုပ်တာ ကသစ်ရယ်
မင်းရဲ့ရင်ထဲမှာတကယ်ပဲငါ့အတွက်နေရာမရှိဘူးလား 'စာလေးတစောင်တောင်မလာခဲ့ ဖုန်းကောလေးတစ်ကောတောင်နခေါ်ခဲ့ မျော်နေတဲ့သူသာကြာတော့နာကျင်လာရတဲ့အဖြစ်ရယ်ပါ
ကဗျာဆရာမလွမ်းတေးသီရဲ့'မောင့်ရဲ့ရင်ထဲက 'ကဗျာလေးဟာ ကျွန်တော့်ကိုစောင်းရေးထားသလိုပါပဲ
ကဗျာကိုဖတ်ပြီး ရင်ထဲဝမ်းနည်းလာလိုက်တာ မျက်ရည်တွေတောင်စီးကျလာခဲ့တယ် စို့နင့်စွာတိုးတိုးလေးငိုမိတယ်
ဘယ်သူပြောလဲဗျာ ယောကျာ်းလေးတွေမငိုတတ်ဘူးလို့ အရမ်းနာကျင်လာတဲ့အခါတော့ ဘယ်သူမှမသိအောင်တိတ်တိတ်လေးခိုးငိုပါရစေ ရင်ထဲကဒဏ်ရာတွေသက်သာသွားအောင်လို့ပေါ့
အခုတလောဆေးရုံကိုလာကြည့်ကြတဲ့သူငယ်ချင်းတွေတိုင်းကပြောကြတယ်
ဆွယ်တာဝတ်ထားပြီးတော့ဘာလုပ်နေတာလဲ မင်းကိုကြည့်ရတာလေတိုက်ရင်တောင်လဲကျတော့မယ် တဲ့လေ
ဟုတ်ပါတယ်
ဆွယ်တာက သူဝယ်ပေးထားတာမို့ အမြဲဝတ်ထားမိတာ အနီရောင်နဲ့ငွေရောင်ကိုတကန့်ချင်းစီကျစ်ဆံမြီးပုံလေးယက်ထားတဲ့ဆွယ်တာလေးက ကျွန်တော်အတွက်တော့ သူဘေးနားရှိနေသလိုပါပဲ လုံခြုံမူ့ရှိတယ် တပြိုင်နက်ထဲဝမ်းနည်းမူ့ကိုလဲပေးစွမ်းနိုင်တယ်
DU LIEST GERADE
(Complete)ခွဲခွာခြင်းရဲ့တမ်းတခြင်း ,bl.( real life stoty)Zgi Version
Romantikခွဲခွာခြင်းရဲ့တမ်းတခြင်း intro သူတို့လူငယ်ဘဝကအရမ်းကြည်နူးဖို့ကောင်းပြီးလူငယ်ဆန်ခဲ့တယ် ဒါပေမဲ့ အရာရာဟာ ကြိုတင်တွေးသလိုဖြစ်မလာဘူး ဘယ်သူထင်မလဲ သူတို့ငါးနှစ်လောက်ဝေးကွာသွားခဲ့တယ် သူတို့ပြန်ဆုံတွေ့ကြတော့ ချစ်စိတ်တွေကပြန်ထကြွလာကြတော့တယ် အဲ့ဒီလို သူတို့လ...