9.

133 11 3
                                    

ခွဲခွာခြင်းရဲ့တမ်းတခြင်း

အပိုင်း (9) သူမရှိပဲ

ပြန်ဆုံကြပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ခနခနတွေ့ဖြစ်ကြတယ်
သူဘက်ကလဲအလိုက်တသိနေသလို ကျွန်တော်ကလဲဘာမှမမေးခဲ့ဘူး ဘယဖြစ်လို့လဲဆိုတော့ အကြောင်းသိပြီးသားတွေလေ ပြောစရာမလိုပဲ မျက်ဝန်းချင်းဆုံလိုက်တာနဲ့သိပြီးသား

တချို့တွေကတော့ပြောကြမယ် ဖောက်ပြန်တယ်တို့ နောက်မီးလင်းတယ်တို့

ကျွန်တ်ောကဗုဒ္ဓဘာသာဝင်တယောက်ပါ ကျွန်တော်တို့ဘာသာမှာ အိမ်ထောင်ရေးဖောက်ပြန်ရင်ငရဲကျမယ်ဆိုတာရှိတယ်ဗျ
သိသိရက်နဲ့လုပ်ရင်ပိုငရဲကြီးမယ်ဆိုတာလဲကျွန်တော်သိပါတယ်

ဒါပေမဲ့ နှလုံးသားကလက်မခံဘူး သူမရှိပဲမနေနိုင်ဘူး သူ့ကိုပဲမြင်ချင်တယ် သူနဲ့ပဲနေချင်တယ် သူ့ကိုပဲဖက်တွယ်ပြီးယုယနေချင်တယ် အိပ်ယာပေါ်ကကိစ္စတွေကိုတောင် သူမှပဲဖြစ်တယ် သူမှမဟုတ်ရင် မသတီသလိုလို စိတ်မပါသလိုလိုဖြစ်လာရော

ဒါတွေဟာ တမင်သက်သက်လုပ်တာမှမဟုတ်တာလေ ကျွန်တော်ရင်ထဲကခံစားချက်‌တွေကအစစ်တွေလေ အဲ့တော့ သူနဲ့တွေ့လို့ငရဲကြီးမယ်ဆိုတာသိနေပေမဲ့ တွေ့ပြီးသားဖြစ်နေပြီ သူ့ကိုရှောင်ရမယ်ဆိုတာသိပေမဲ့ သူ့ရှေ့ရောက်နေပြီ ဒီလောက်ပဲတော်ပြီဒိထက်အဆင့်မတက်တော့နဲ့ဆိုလဲ သူထိလိုက်တာနဲ့လူကအော်တိုစိတ်ပါပြီးသားဖြစ်နေပြီ

အဲ့တော့ သူ့ကိုချစ်ရလို့ငရဲကြီးမယ်ဆိုရင်တောင် ကျွန်တော့်မှာရွေးချယ်စရာမရှိပါဘူး ကျွန်တော်မှသူမရှိပဲမနေနိုင်တာလေ မတွေ့ပဲမနေနိုင်တာလေ လက်ရှိဘဝမှာသူ့ကိုပဲအရူးတယောက်လိုစွဲလန်းနေတာလေ

အဲ့တော့ ကျွန်တ်ောကသူ့ကိုတွေ့တယ် သူနဲ့ပက်သတ်တယ် သူ့ကိုပဲချစ်တယ် သူနဲ့အတူတူအိုမင်းသွားချင်တယ်
သူ့ကိုပဲချစ်ချင်တယ် သူ့မျက်နှာကိုတစိမ့်စိမ့်ကြည့်နေရရင်ကိုကျေနပ်တယ် အဲ့ဒါကြောင့် တလောကလုံးကိုရင်ဆိုင်ရလဲမကြောက်ဘူး သူနဲ့အတူတူနေရဖို့အတွက်သာဆိုရင် ဘာမဆိုလုပ်ရဲတယ်

(Complete)ခွဲခွာခြင်းရဲ့တမ်းတခြင်း ,bl.( real life stoty)Zgi VersionTempat cerita menjadi hidup. Temukan sekarang