ခွဲခွာခြင်းရဲ့တမ်းတခြင်း
အပိုင်း(22) လမ်းခွဲသင့်ပါပြီ
ချစ်တဲ့သူရဲ့အပြုံးတချက်မှာ ကျွန်တော့်ရဲ့နာကျင်မူ့တွေဟာ စွယ်တော်ရွက်တွေနဲ့အတူ သူ့ခြေရင်းကို
တဖြုတ်ဖြုတ်ကြွေကျမြေခခဲ့ပြန်တယ်ဘာတတ်နိုင်မှာလဲ ငါကသာမင်းအချစ်ကိုလိုအပ်ခဲ့သူမို့
ဘာတတ်နိုင်မှာလဲ ငါကသာမင်းမရှိပဲမနေနိုင်ခဲ့သူမို့
ဘာတတ်နိုင်မှာလဲ ငါကသာ မင်းကိုရှာဖွေခဲ့သူမို့
ဘာတတ်နိုင်မှာလဲ ငါကသာမင်းအချစ်ကိုအပိုင်ရချင်ခဲ့သူမို့
ငါမှားလားဟင် ငါမင်းကို ငါမဟုတ်တဲ့သူနဲ့သဝန်တိုမိတာ ငါမဟုတ်တဲ့သူနဲ့ပျော်နေနိုင်တဲ့မင်းကိုနာကျင်မိတာ ငါမဟုတ်တဲ့သူရဲ့နံဘေးမှာ မမြင်ချင်တာ
ငါမှားနေခဲ့တာလား အတ္တသိပ်ကြီးခဲ့တာလား
ဘယ်လောက်ပဲနာကျင်အောင်ဆိုချင်နေပါစေ
သူ့ရဲ့လက်နှစ်ဖက်ဆန့်တန်းကာရင်ခွင်ထဲခိုဝင်ဖို့ပေးတဲ့အမိန့်ကိုငါမှမလွန်ဆန်နိုင်တာလေ
သူ့ခါးကိုတင်းကျပ်စွာဖက်ထားရင်း
နာကျင်မူ့တွေ ခါးသီးမူ့တွေကို သက်ပြင်းအဖြစ်နဲ့ပဲငါရောချလိုက်ရတော့တယ်မောင်ရေ မင်းသိလား ငါဟာ မင်းနဲ့မတွေ့ခင်တုန်းက လက်တွေ့ဆန်ပြီးတက်ကြွတဲ့သူပါ မင်းရဲ့အချစ်တွေကိုရပြီးတော့မှ အိမ်မက်တွေထဲတောင်စိတ်ကူးယဉ်တတ်လာတယ်
အိုးးး ငါမင်းဆီမှာ အရမ်းကိုပျော်ဝင်နေခဲ့မိပြီလေ
ငါနောက်ကျသွားခဲ့ပြီ စည်းလွတ်နေတဲ့
မင်းရဲ့အချစ်တွေကို ငါ့ရင်ဘတ်ထဲမှာအရိုင်းဆန်စွာရှင်သန်စေဖို့မြေတောင်မြောက်ခဲ့ပြီးမှ ဘောင်အတွင်းဘယ်သွင်းလို့ရပါတော့မလဲ"မောင် ငါ့ကိုသီချင်းဆိုပြပါလား "
မင်းရဲ့အသံချိုချိုလေးတွေကို အိမ်မက်တွေထဲအထိယူဆောင်သွားမလို့
"ဘာသီချင်းလဲ "
"let me down slowly "
ဟုတ်တယ် ငါအောက်ကိုအရှိန်ပြင်းပြင်းမကျချင်ဘူး ဒါကြောင့် ငါ့ကိုအချစ်တွေနဲ့သတ်မယ်ဆိုရင်တောင် ဖြေးဖြေးချင်းပဲဆွဲချသွားပါ ကသစ်ရယ်
ESTÁS LEYENDO
(Complete)ခွဲခွာခြင်းရဲ့တမ်းတခြင်း ,bl.( real life stoty)Zgi Version
Romanceခွဲခွာခြင်းရဲ့တမ်းတခြင်း intro သူတို့လူငယ်ဘဝကအရမ်းကြည်နူးဖို့ကောင်းပြီးလူငယ်ဆန်ခဲ့တယ် ဒါပေမဲ့ အရာရာဟာ ကြိုတင်တွေးသလိုဖြစ်မလာဘူး ဘယ်သူထင်မလဲ သူတို့ငါးနှစ်လောက်ဝေးကွာသွားခဲ့တယ် သူတို့ပြန်ဆုံတွေ့ကြတော့ ချစ်စိတ်တွေကပြန်ထကြွလာကြတော့တယ် အဲ့ဒီလို သူတို့လ...