ချစ်သည်ထက်ပို၍ချစ်သည် 8

501 65 3
                                    

မျက်ရည်များစွာနဲ့အိပ်စက်ခဲ့ရတဲ့ညတွေများလေထိုလူသားကိုမုန်းဖို့ရာ အကြောင်းရာများလေပဲထင်ပါတယ်

......................................................
မနက်ခင်းရဲ့နေရောင်ခြည်ကြောင့် Chanyeolနှိုးထခဲ့ရသည် ခေါင်းကိုက်နေတာကြောင့် တော်တော်နဲ့ထလို့မရခဲ့ ဘေးဘီကိုလှည့်ကြည့်လိုက်တော့သူနန်းဆောင်မဟုတ် ပြီးမှအမှတ်ရခဲ့သည်က Baekhyuနဲ့သူရဲ့မင်္ဂလာဆောင် ကိုယ်လက်သန့်စင်ပြီးအရှေ့နန်းဆောင်သို့ထွက်ခဲ့ရသည် ထလေ့ထုံးထမ်းတွေအရ မိဘနှစ်ပါးကို အရိုသေပြုရမည်ကြောင့် ဖြစ်သည်

"မင်းကြီးနဲ့ မိဖုရားကိုဂါရ၀ပြုချိန်ရောက်ပါပြီ"

နှစ်ယောက်သားဂါရ၀ပြုလိုက်ကြပြီး နေရာချထားသည့်နေရာသို့ဝင်ထိုင်လိုက်သည်

"နောက်နှစ်ရက်နေရင် အိမ်ရှေ့စံမင်းသားလေးကို ထီးနန်းလွှဲပြောင်းဖို့ကြေညာလိုက်ပါ အထိန်းတော်ကြီး"

"အမိန့်တိုင်းပါအရှင်မင်ကြီး"

အထိန်းတော်ကြီးထွက်သွားပြီမကြာမီ ထွက်ပေါ်လာသောစကားသံကြောင့် နန်းဆောင်အတွင်းဆူပူမှုအနည်းငယ်တော့ရှိခဲ့သည်

"Byun Baekhyunကိုကြင်ယာတော်အဖြစ်နဲ့ပဲထားနိုင်မယ်"

"အဲ့လိုလုပ်လို့မရဘူးလေ မင်းသားလေး"

Baekhyunအံဩမိသည် သူ့အတွက် ကျွန်တော့်အချစ်တွေကအဲ့လောက်တောင်အဖိုးမတန်တာလား

"သူကမိန်းကလေးလား ကျွန်တော်မျိုးအတွက် နောက်ထီးနန်းလက်ခံပေးမယ့် မျိုးဆက်လေးကို မွေးဖွားပေးနိုင်မှာလား အဲ့တာဆိုမိဖုရားနေရာထားပေမယ် မဟုတ်ရင်တော့ကြင်ယာတော်အဖြစ်နဲ့ပဲနေပေါ့"

"Park Chanyeol မင်းဘယ်လိုပြောလိုက်တာလဲ"

"မှန်တာပြောတာပဲလေ မင်းကြီး"

သူပြောတာလည်းမှန်နေသည် ကျွန်တော့်ကသူ့အတွက်သာယာမှုမပေးနိုင်တဲ့သူတစ်ယောက် သူကကလေးချစ်တတ်သူ ကျွန်တော်ကသူ့အတွက်ကလေးတစ်ယောက်တောင်မမွေးဖွား‌နိုင်တဲ့သူတစ်ယောက် သူပြောတာတွေအကုန်မှန်နေသည်ကြောင့် သားအဖချင်း ရန်ဖြစ်မှာကိုမလိုလားတာကြောင့် ထိုစကားဝိုင်းထဲသူပါရတော့သည်

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now