ချစ်သည်ထက်ပို၍ချစ်သည် 24

738 74 11
                                        

လက်ထဲကစာရွက်လေးကိုသာအသိစိတ်မဲ့စွာ
‌ငေးကြည့်နေသည့် Chanyeol ဘုရင်တစ်ပါးဆိုတဲ့အသိစိတ်တို့လည်းလွင့်ပြယ်ကုန်သည်

"မင်းကြီး"

"....."

"အစားလေးတော့ဝင်အောင်စားပါမင်းကြီး"

"...."

"ဒီလိုနဲ့ကျန်းမာရေးထိခိုက်မယ်မင်းကြီးရယ် ဒီတစ်ခါသုံးဆောင်လိုက်ပါ"

"..."

အထိန်းတော်ကြီးမည်မျှပင်ပြောစေ ထိုနေရာတွင်တစ်ချက်မလုပ်

"မင်းကြီး မယ်မယ် JiEun ကြွချီလာပါတယ်"

"...."

"၀င်ခွင့်ပေးလိုက်"

တစ်ဖက်ကမပေါ့မပါးနဲ့မို့ မင်းကြီးအစားအထိန်းတော်ကြီးကပဲ အမိန့်ပြန်လိုက်ရသည်

"Chan"

"...."

"အထိန်းတော်ကြီး အပြင်ထွက်ပေးလို့ရမလား"

"အမိန့်တိုင်းပါ"

အထိန်းတော်ကြီးထွက်သွားသည့်အချိန်မှ သူမစကားပြန်စရသည်

"Chan အစားတော့ဝင်အောင်စားရမယ်လေ မဟုတ်ရင်ကျန်းမာရေးထိခိုက်လိမ့်မယ် သူလည်းမှာကြားခဲ့တယ်မို့လား ကျန်းမာရေးဂရုစိုက်ပါလို့ Chan ကိုပြောခဲ့တယ်မို့လား "

ခန္ဓာကိုယ်ကတုန်ရင်လာသည်မို့ သူမရင်ခွင်ထဲအလျင်အမြန်ဆွဲသွင်းလိုက်ရ
သည်

"ငိုလိုက်ပါ Chan မျိုသိပ်မထားပါနဲ့ ဘေးနာမှာ JiEun တစ်ယောက်လုံးရှိသေးတယ် ငိုလိုက်ပါ "

"မထင်ခဲ့ဘူး ဘယ်သူတွေစွန့်ပစ်ခဲ့ပါစေ သူကတော့အနားမှာရှိမယ်ထင်ခဲ့တာ သူကတော့ကိုယ့်ဘက်မှာအဆုံးထိရှိမယ်ထင်ခဲ့တာ ဘာလို့လဲ ချစ်တယ်လို့ပြောခဲ့ပြီးမှအနားကဘာလို့ထွက်သွားရတာလဲ ဘာလို့လဲ"

"အဖြေကရှင်းပါတယ် Chan သူအချစ်တွေကို မြင်အောင်မကြည့်ခဲ့တဲ့ Chan အပြစ်တွေပဲ "

"JiEun"

"ဟုတ်တယ် Chan သူ့အချစ်တွေကို Chan မမြင်ချင်ယောင်ဆောင်ခဲ့တယ် မသိချင်ယောင်ဆောင်ခဲ့တယ် ကိုယ့်စိတ်ကိုလည်းကိုယ်ညာတယ် ချစ်ရတဲ့လူကိုစိတ်ဆင်းရဲအောင်လုပ်ရတာ Chan လည်းပင်ပန်းခဲ့တယ်မို့လား ခက်ခဲတယ်မို့လား ဘေးလူတြွေဖစ်တဲ့ JiEun နဲ့ ကိုယ်ရံတော်Kim တို့တောင်ရိပ်မိတယ်"

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now