သူ့အနားမှာနေနိုင်ဖို့အတွက် သူ့အမုန်းတွေနဲ့ဆက်လက်နေထိုင်ပါရစေ
🏰🏰🏰🏰🏰🏰🏰🏰🏰🏰🏰
ရေလောင်းသည့်ကိစ္စဖြစ်ပြီးကတည်းက Chanyeol နဲ့မတွေ့ဖြစ်တော့သည်မှာ သုံးပတ်ခန့်ကိုကျော်လွန်ခဲ့ပြီဖြစ်သည် သူ့ဘက်ကဘယ်လိုတွေးမလဲမသိပေမယ့် ကိုယ့်ဘက်ကတော့တတ်နိုင်သလောက်ရှောင်ခဲ့သည် သူ့လာနေပြီဆိုရင်ထိုင်နေသည့်နေရာမှထထွက်လာခဲ့သည် မင်းကြီးအမိန့်ကြောင့်နှစ်ယောက်အတူတူပွဲတက်ခဲ့ရလျှင်လည်း အကြောင်းအမျိုးမျိုးပြပြီး ပွဲမှအရင်ဦးစွာထွက်လာခဲ့သည် သို့သော်သူမသိသည်က သူမမြင်ရသည့်နေရာတစ်နေရာကနေ သူ့လှုပ်ရှားမှုအားလုံးကိုတော့ ခိုးကြည့်နေခဲ့သည် ဘ၀ကလည်းရယ်ချင်စရာကောင်းသား ကြင်ယာတော်ဖြစ်ပါလျက်နဲ့ အနီးကပ်ကြည့်ခွင့်ရှိရဲ့သားနဲ့တောင်အဝေးကနေပဲ ခိုးကြည့်နေရသည့် Baekhyun ကိုယ့်အတွေးနဲ့ကိုယ်မို့ ချောက်ကပ်ကပ်ရယ်ပြီး နေရာမှထွက်လာခဲ့သည်
🌹🌹🌹🌹🌹
သူနဲ့မတွေ့တဲ့တစ်ပတ်အတွင်းမှာ Chanyeol ဟာ ရှီလာတစ်နိုင်ငံလုံးကိုအုပ်ချုပ်ရတဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့သည် တိုင်းသူပြည်သားတွေရှေ့မှာ ကြင်ယာတော်အနေနဲ့တက်ရောက်လို့ရသော်လည်း မတက်ရောက်ခဲ့ အိမ်နီးချင်းနိုင်ငံကရှင်ဘုရင် မင်းညီမင်းသားတွေလည်းတက်ရောက်ကြသည် နန်းတက်ပွဲအခန်းအနားပြီးသောခါ နန်းဆောင်ထဲကြွရောက်ရန်ဖိတ်ကြားခံရတာကြောင့် နန်းဆောင်သို့ရောက်ရှိလာခဲ့သည်
"ကြင်ယာတော်ရောက်ရှိကြောင်းပါ မင်းကြီး"
"၀င်ခဲ့လိုက်"
အထဲသို့ရောက်တော့ အသံတွေကိုဆူညံနေသည် ဘာတွေပြောနေကြမှန်းမသိ သို့သော်ဂရုစိုက်ခြင်းမရှိပဲ မိမိအတွက်ပြင်ဆင်ထားသည့် ကြင်ယာတော်နေရာသို့သာဝင်ထိုင်လိုက်သည်
ထို့နောက်အမတ်ကြီးတစ်ဦးစီမှထွက်ပေါ်လာတဲ့အသံ
"ထိုအရာဟာသင့်မြတ်လှကြောင်းပါ ထို့ကြောင့်ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်ကိုမှန်ကန်စွာချသင့်ပါတယ်"
ဘာတွေပြောနေကြတာလဲ အခုချိန်ထိနားမလည် အမတ်ကြီးတို့ကိုတစ်လှည့် Chanyeolတို့ကိုသာတစ်လှည့်ကြည့်လိုက်မိသည်
YOU ARE READING
Фанфикшнမင်းကိုချစ်လွန်းလို့အရာအားလုံးကိုစွန့်ပစ်ခဲ့တာလေ ငါပြန်ရခဲ့တာဘာရှိလဲ မင်းအမုန်းတွေကြည့်ပဲ မင်းကိုအရမ်းချစ်တယ် အရမ်းလည်းမုန်းတယ် Byun Baekhyun မင်းကငါ့ရဲ့အခင်ဆုံးသူငယ်ချင်းပဲ သူငယ်ချင်းဆိုတဲ့စည်းကိုကျော်ခဲ့တာမင်းပဲ မင်းကိုငါမချစ်ဘူး Baekhyun Park Cha...