ချစ်သည်ထက်ပို၍ချစ်သည် 27

584 61 11
                                    

" ဒီမှာထပ်နေပါရစေလို့ တောင်းဆိုချင်ပါတယ်
ဘာခိုင်းခိုင်းလုပ်ပါ့မယ် "

" မဟုတ်တာ မဟုတ်တာ ထကြပါ မလိုပါဘူးကွယ် မင်းတို့နေမယ်ဆိုတော့ အဒေါ်တို့က ပိုဝမ်းသာတာပေါ့ကွယ် မင်းတို့နေချင်တဲ့အထိနေနိုင်ပါတယ်ကွယ် အစားအသောက်ကတော့~ "

" ကျွန်တော်တို့အဆင်ပြေပါတယ် အစားအသောက်ကလည်းကျွန်တော်တို့
အကြိုက်တွေမို့အဆင်ပြေပါတယ်ဗျ "

"မင်းတို့အဆင်ပြေတယ်ဆိုတော့စိတ်ချမ်းသာပါပြီကွယ် နေချင်တဲ့အထိနေကြ အဒေါ်တို့လင်မယားနှစ်ယောက်က အမြဲတမ်းကြိုဆိုပါတယ်ကွယ် အဒေါ်သားလေးနှစ်ယောက် "

သား!!!!!

" အပေါ်မှာသားတို့အခန်းတြွေပန်ရှင်းထား
တယ် တစ်နေ့လုံးပင်ပန်းလာကြတာမို့လား
ရေမိုးချိုးပြီးအနားယူလိုက်ကြအုံး "

" ကျေးဇူးတင်ပါတယ်ဗျ အဲ့ဒါဆိုကျွန်တော်တို့
အနားယူလိုက်ပါအုံးမယ် "

" ‌အေးအေးဆေးဆေးနေကြနော်သားတို့ "

" ဟုတ်ကဲ့ "

***************

" ပြန်တွေ့ရမယ်လို့ကိုထင်မထားဘူး "

" မင်းပဲပြန်တွေ့ချင်နေတာဆို "

" ဒီလောက်ကြီးထိမြန်မြန်တွေ့ရမယ်လို့
ထင်မထားဘူး ဒါပေမယ့် ဘယ်နားမှာရှိမှန်းမသိသေးဘူးကွာ ငါမမြင်အောင်ပုန်းနေမှာဆိုတာသေချာတယ် ခုမနက်တောင် ငါ့ကိုတွေ့တော့ချက်ချင်းထွက်ပြေးသွားတာ
ရှာချိန်တောင်မရှိလိုက်ဘူး "

" ထီးနန်းကိုတောင်စွန့်ခွာခဲ့ပြီး သူရှိတဲ့နေရာကိုလာဖို့အတွက်မင်းအစွမ်းကုန်
ကြိုးစားခဲ့ပြီးပြီ အခုမှလက်လျှော့တော့မို့လား ငယ်ငယ်လေးကတည်းက ငါသိတဲ့ Chanyeol ဆိုတဲ့လူမျိုးက လိုချင်တာမရမချင်းလက် လျော့တတ်တဲ့ကောင်လေးမဟုတ်ဘူးနော်
အသက်ကြီးမှအကျင့်တွေပြောင်းကုန်တာလား"

"ကြိုးစားရမှာပေါ့ သူ့ကိုပေးခဲ့တဲ့ ဒဏ်ရာတွေနဲ့ယှဉ်ရင် မပြောပါးလောက်သေးတဲ့အရာလေးပါ ဒီလောက်တော့ ခံနိုင်ရမှာပေါ့ ဒီထက်ပိုဆိုးတာတွေကြုံရမယ်ဆိုတာ စဉ်းစားပြီးထားပါ မင်းလည်းအနားယူတော့လေ တစ်နေ့လုံးငါနဲ့အတူလိုက်ရှာပေးတော့ ပင်ပန်းနေရောပေါ့ "

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now