သုံးရက်ဆိုတဲ့အချိန်အတွင်းသုံးလို့ရနိုင်တဲ့သက်သေတွေကိုမနားတမ်းရှာခဲ့သည့် Baekhyun
"အစားလေးလည်းစားပါအုံးကြင်ယာတော်လေးရယ် "
"အခုချိန်မှာအစားအစာကအရေးမကြီးဘူး သက်သေတွေပဲလိုချင်တယ်"
"ဒီလိုနဲ့ဒုက္ခရောက်လိမ့်မယ် နေကောင်းထားတာမကြာသေးဘူးလေ အစားလေးနည်းနည်းလောက်စားလိုက်ပါ"
"သက်သေတွေကိုဘယ်နားမှာများဖွက်ထားကြတာလဲ"
မျက်ခုံးပေါ်ရှိလက်ချောင်းလေးများကိုအလုပ်ပေးပြီး အကြောလျှော့မိသည်
"ကြင်ယာတော်လေး ကိုယ်ရံတော် Kimရောက်နေပါတယ်"
"၀င်ခိုင်းလိုက်"
တံခါးဖွင့်သံနှင့်အတူဝင်ရောက်လာသည့် အကို Kim
"ဘာများပြောခိုင်းလိုက်လို့လဲ"
"မင်းကြီးကလွှတ်လိုက်တာမဟုတ်ပါဘူး နန်းတွင်းပစ္စည်းထားတဲ့နေရာမှာ မသင်္ကာစရာလေးတစ်ခုတွေ့လို့ သက်သေအဖြစ်တင်သွင်းလို့များရနိုင်မလားလို့လာပေးတာပါ"
"......"
စာရွက်လေးတစ်ရွက် အရေးအသားကတော့ ရှီလာအရေးအသားနဲ့မတူပေ သေချာသည် အဖေ့အမှုမှာကြံရာပါရှိနေပြီဆိုတာပါပဲ
"ကျေးဇူးပါပဲအကို Kim တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်ကြားထဲကနေဓားစားခံဖြစ်ရတယ်"
"မဟုတ်တာ ကြင်ယာတော်လေးကြောင့်မဟုတ်ပါဘူး အရမ်းကြီးမစိုးရိမ်ပါနဲ့သက်သေသေချာပေါက်ရှာတွေ့မှာပါ "
"အဲ့လိုပဲဖြစ်နိုင်ပါစေ"
"သွားခွင့်ပြုပါအုံး"
"ကောင်းပါပြီ အကို Kim"
သုံးရက်ပေးထားတဲ့အချိန်တွင်းမှာ ပထမတစ်ရက်အနေနဲ့ကုန်ဆုံးသွားခဲ့ပေမယ့် ခိုင်လုံသည့်သက်သေကိုတော့ရှာမတွေ့ ဒီနေ့ညလည်းအိပ်ပျော်မည်မဟုတ်တာကြောင့် တွေပဲထိုင်ရှာနေခဲ့သည့်ကောင်လေးနည်းတူတစ်ဖက်ကနန်းဆောင်မှာလည်း စိုးရိမ်ပူပန်နေသည့်ကောင်လေးလည်းရှိခဲ့သည်
🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄
သက်သေတွေရှာရင်းစာကြည့်စားပွဲပေါ်မှာခေါင်းလေးတစ်ဖက်စောင်းပြီးအိပ်နေသည့်ကောင်လေး
ပေါ်နေရောင်ခြည်ကကျရောက်လာတာကြောင့်ဆက်ပြီးအိပ်ဖို့ရာမဖြစ်နိုင်တော့ပေ
YOU ARE READING
Fanfictionမင်းကိုချစ်လွန်းလို့အရာအားလုံးကိုစွန့်ပစ်ခဲ့တာလေ ငါပြန်ရခဲ့တာဘာရှိလဲ မင်းအမုန်းတွေကြည့်ပဲ မင်းကိုအရမ်းချစ်တယ် အရမ်းလည်းမုန်းတယ် Byun Baekhyun မင်းကငါ့ရဲ့အခင်ဆုံးသူငယ်ချင်းပဲ သူငယ်ချင်းဆိုတဲ့စည်းကိုကျော်ခဲ့တာမင်းပဲ မင်းကိုငါမချစ်ဘူး Baekhyun Park Cha...