🌻Part . 1 Unicode 🌻

1.1K 20 0
                                    

"ဟာ ! ဟိတ်ကောင် မင်းကို လက်မလွန်စေနဲ့လို့ပြောထားတယ်လေကွာ . . ."

"ငါလဲ အခုလို လုပ်ဖို့ မရည်ရွယ်ဘူးလေကွာ သူကအတင်းရုန်းပြီးတော့ငါ့ကိုထိုးတာကိုကွ. . ."

"ပြီးတော့ မင်းကကော ဘာလို့တုတ်နဲ့ခေါင်းကိုရိုက်လိုက်တာလဲကွ. . ."

"ငါလဲ သူကအတင်းရုန်းပြီး စိုးကြီးကို ထိုးတာနဲ့ လုပ်မိလုပ်ရာ လုပ်လိုက်မိတာ. . ."

"အေးကောင်းရော အခုဘယ်လိုလုပ်ကျမလဲ. . ."

"သေတာတော့မသေလောက်ပါဘူးကွာ ရှပ်ထိသွားတာပဲမလား . . ."

"ရှပ်ထိသွားတာလား ဘာလားတော့မသိဘူး မင်းအဘကတော့ သတိမေ့သွားပြီ. . ."

"ဟာ ဟေ့ဟိတ်ကောင်တွေ သတိမေ့တာတွေကိုအသာထား ကားလာတာမလား ပြေးရအောင် ထားခဲ့လိုက်တော့ သူသေတော့မသေလောက်ဘူး. . ."

"အေး အေး လာလာ မြန်မြန် သွားရအောင်. . ."

"Boss ရှေ့မှာ လူတစ်ယောက်လဲနေတာတွေ့တယ်. . .ကျော်သွားလိုက်ရမလား. . ."

"ကျော်စွာ မင်းဆင်းကြည့်လိုက် လူဆိုးလား လူကောင်းလားဆိုတာ. . ."

"ဟုတ်ကဲ့ Boss. . ."

ကျော်စွာလဲ Boss အမိန့်အတိုင်း မှောက်ရက်လဲနေတဲ့ လူရဲ့ မျက်နှာကို ဆွဲယူကြည့်လိုက်ပြီးနောက် Boss ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားပြီး

"​ကျော်စွာ ဘယ်သူမို့လို့ အလောတကြီးဖြစ်လာတာလဲ !"

"အဲဒါက Boss ကိုယ်တိုင် လိုက်ကြည့်ပေးရပါလိမ့်မယ် . . . "

သျှားမြတ်သူလဲ မျက်မှောင်ကြုံ့မိသွားသည်။ဒီသူ့ဘာသာလဲကျနေတဲ့ သူကို သူကိုယ်တိုင်က လိုက်ကြည့်ရမည်ဆိုတော့။သို့ပင်မဲ့လဲ ကျော်စွာ ကြည့်ရတာ သူတကယ်လိုက်ကြည့်ဖို့ လိုမယ်ဆိုတာသိ၍ ကျော်စွာနောက်လိုက်ကြည့်မိလိုက်သည်။

သျှားမြတ်သူတစ်ယောက် လဲကျနေတဲ့သူ မျက်နှာကို မြင်တော့ အံ့သြတုန်လှုပ်စွာ
ဖြင့် . . . .

လဲကျနေတဲ့သူကို သူကိုယ်တိုင် ပွေ့ယူကာ ကားပေါ်သို့ကို အလျင်အမြန်တက်၍

"အခုချက်ချင်း စံအိမ်ကို အမြန်မောင်း ပြီးရင်ဦးလေးထွန်းစိန် ဆီကို တခါတည်း Ph ဆက် စံအိမ်ကိုအခုချက်ချင်း လာပေးပါလို့ ငါစံအိမ်ကိုမရောက်ခင် အရင်ရောက်နေတာ လိုချင်တယ်် လို့ပါပြောလိုက် . . ."

"ပြီးတော့ အရေးအကြီးဆုံးက ကလေးကို အခုလိုဖြစ်အောင်လုပ်တဲ့ သူတွေကို နောက်နေ့မကူးခင် ငါ့ရှေ့ရောက်နေတာကို​​​မြင်ချင်တယ်. . ."

"ဟုတ်ကဲ့ Boss . . ."

နိုင်ငံခြားဖြစ် အနက်ရောင်ကားတစ်စီးဟာ ညအချိန်မှာ ပဲခူး - ရန်ကုန် လမ်းမကြီးပေါ်မှာ အရှိန်ပြင်းစွာ မောင်းနှင်လျက်. . . . .

TBC. . .

ကိုယ်အသစ်ရေးမိတဲ့ Fic လေးပါဗျ ☺️☺️
Intro လေးအရင်စထားတာ 😁😁
ဝေဖန် အားပေးကျပါဦးဗျာ. .☺️☺️

2.7.2020#

ချစ်တဲ့ Hana 🌻💜💜

You Are My Sunshine (On Going)Where stories live. Discover now