🌻Part .3 Unicode 🌻

236 9 12
                                    

ဦးလေးထွန်းပြောသလိုပဲ သျှားမြတ်သူရဲ့ ကလေးလေးလဲ မကြာခင်ပင် သတိရလာလေသည်။

နှိုင်းမရလဲ မျက်လုံးဖွင့်ဖွင့်ခြင်းမြင်ရသည်ကအဖြူရောင်မျက်နှာကျက်ဖြစ်နေသည့်အပြင်သူမရင်းနှီးတဲ့ နေရာဖြစ်နေသည့်အတွက် မျက်လုံးလေးပြန်မှိတ်ပြီးသူမှတ်ဥာဏ်များကိုပြန်စစ်ဆေးနေမိသည်။

'ငါမနေ့ညက အလုပ်က ပြန်လာတော့ လမ်းမှာငါ့ပစ္စည်းလေးတွေအလုခံရတယ်။ငါလဲရုန်းပြီး သူတို့ထဲက တစ်ယောက်ကို ထိုးလိုက်တယ်။အဲဒါနဲ့ သူတို့ထဲကနောက်တစ်ယောက်ကငါ့ခေါင်းကိုတုတ်နဲ့ရိုက်တာကိုလက်နဲ့ပြန်ကာလိုက်တာ ငါ့ခေါင်းရော ငါ့လက်ကိုရော ဗိုက်ကိုရော ထိမိသွားတယ်။ ပြီးတော့ငါသတိမေ့သွားတဲ့ပုံပဲ. . .'

'အခုငါဘယ်ရောက်နေတာပါလိမ့် . . .ငါသေများသေသွားတာလား. . .ဒါမှမဟုတ်ပြန်ပေးဆွဲခံလာရတာများလား. . .'

နှိုင်းမရတစ်ယောက်လဲ ဟိုတွေးဒီတွေး တွေးပြီးမှ သူ့ဘေးကိုကြည့်လိုက်မိသောအခါ သူ့ကိုစူးစိုက်ကြည့်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်သဖြင့်

"အမေ့ !!! "

"သတိရလာပြီလား ကလေးလေး. . ."

သျှားမြတ်သူလဲ ကလေးလေး ဘေးနားမှာနေပြီး ကလေးလေး သတိရလာမဲ့ အချိန်ကိုစောင့်နေမိသည်။သူစောင့်ကြည့်နေတဲ့အချိန်အတွင်းမှာလဲ ကလေးလေး သတိရလာသည်။

သတိရရခြင်းကလေးလေးက မျက်နှာကျက်ကိုခနလောက်ကြည့်နေပြီးမှ မျက်လုံးလေးများပြန်မှိတ်သွားကာ မျက်မှောင်လေးကြုံ့လိုက် နှုတ်ခမ်းလေးတွေကရှေ့ကိုဆူလာလိုက် ပြန်ဝင်သွားလိုက် နှာခေါင်းလေးရှုံ့သွားလိုက်နဲ့ ကြည့်ရတာ ဖြစ်ပျက်ခဲ့သည်များကိုပြန်စဥ်းစားနေပုံရသည်။

'ကလေးလေး ရယ် ဘာလို့အဲလောက်ထိချစ်ဖို့ကောင်းအောင် စဥ်းစားနေရတာလဲကွာ. . .'

ပြီးတော့မှမျက်လုံးလေးပြန်ဖွင့်ပြီးသူရှိရာကိုကြည့်မိပြီး သူ့ကိုကြည့်နေတဲ့ ကိုယ့်ကိုမြင်တော့လန့်သွားလို့ထင်သည်။

"အမေ့!!!"ဆိုပြီးအော်လေသည်။

သူလဲကလေးလေး ကို

You Are My Sunshine (On Going)Where stories live. Discover now